44

1.5K 179 31
                                    

Yes,I like,you too?

"ဟင်း~"

"...."

တစ်ခါ..။

"ဟင်း~~"

နှစ်ခါ...။

ဖန်ရှင်းကွန်ပျူတာကိုကြည့်​နေရင်းမှ ဝမ်ရိ​ပေါ်ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

ရိ​ပေါ်က​တော့ တီဗွီကိုအကြည့်မပျက်​သေး။ သူ့ကိုလှည့်ကြည့်လာတာမျိုး မျက်နှာငယ်​နေတာမျိုးမရှိ၍ ဖန်ရှင်းကွန်ပျူတာဘက်ပြန်လှည့်လိုက်၏။

"ဟင်း~~~"

သို့​သော် သုံးခါ​မြောက်တွင်​တော့ ဖန်ရှင်းသည်းမခံနိုင်​တော့​ပေ။

"ကဲ​..​ပြောပါ အ​ဖေ..​ဘာ​တွေများဖြစ်​နေသလဲဆိုတာ ​ပြောပြပါ​တော့"

ထိုအခါ ဝမ်ရိ​ပေါ်က သူခိုးလူမိသွားသလို ရုပ်မျိုးနဲ့ ဂဏာမငြိမ်စွာ ဖန်ရှင်းအားကြည့်လာ၏။

"ဘာတုန်း? ဘာမှမဖြစ်ပါဘူးဆို...ငါ့ဟာငါ ရုပ်ရှင်​ကြည့်​နေတာကို"

ဟုဆိုသည့် ဝမ်ရိ​ပေါ်။

သို့​သော် ထိုစကားအား ပါးစပ်ကိုဆားနဲ့အ​ခေါက်တစ်ရာ ပလုတ်ကျင်းပြီး ​ပြော​တောင် ဖန်ရှင်းမယုံပါ။

ဝမ်ရိ​ပေါ်ဟာ အချင်းချင်း​တွေကို အ​ကြောင်းမသိဘူးလို့ ​တွေးပြီး ညာ​​နေသည်လား..။
​သေချာပါသည်။ ဝမ်ရိ​ပေါ်ဟာ ဆင်​သေကိုဆိတ်သား​ရေဖြင့် ဖုံးဖို့ကြိုးစားနေခြင်း။

တကယ်ဆိုလျှင် ဟို​နေ့ညအပြီး ပြန်​တွေ့ရတဲ့ ဒီအချိန်ဟာ ဖန်ရှင်း ဝမ်ရိ​ပေါ်ကိုစ​နောက်ဖို့ကြိုးစား​နေရမည့်အချိန်ဖြစ်သည်။ တကယ်စလည်းစချင်စရာ​ကောင်းတဲ့ကိစ္စပဲမဟုတ်လား။ အဲ့အမူးသမားက မမှတ်မိဘူးလို့ ​ပြောလာရင်​တောင် မှတ်မိ​အောင်လုပ်ပြီး စရမှာသူ့တာဝန်။

သို့​​ပေမယ့် အိမ်​ရောက်လာတည်းက လက်မှိုင်ချပြီး ထီလတ်မှတ်​ပျောက်သလိုရုပ်မျိုးနဲ့
​ရောက်လာတာမို့ စဖို့​နေသာသာ သူ့ပုံကြည့်ရင်း ဖန်ရှင်းပင် ဝမ်းနည်းချင်လာသလိုလို။

ဒါ့​ကြောင့် သူစိတ်ညစ်စရာများရှိလာသလား​လေဆိုပြီး စချင်တဲ့စိတ်ကို ​အောင့်အီးသည်းခံ​နေခဲ့ရတာ။ ​

Yes,I like,you too? Where stories live. Discover now