33

2.1K 276 12
                                    

Yes,I like,you too?

​'​ရှောင်းကျန့်ကို ငါကြိုက်​​နေတယ်'

​ရှောင်းကျန့် ​ပြုံးမိရုံသာမက ရယ်ပါရယ်လိုက်မိသည်။
လှပတဲ့ အတိတ်က​လေးက ဘယ်အချိန်​သူ​တွေး​လိုက်တွေးလိုက် သူ့အား​ပျော်ရွှင်​စေတာမို့ ခုလိုရယ်လိုက်မိပုံက မထူးဆန်း​​တော့။

ဒီအခိုက်အတန့်​လေးကို ​သေချာပြန်မ​တွေးကြည့်မိတာ ဘယ်​လောက်​တောင်ကြာခဲ့ပြီလဲ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့အတွက်ဆိုပြီး ​ပျော်ရွှင်စရာအတိတ်​တွေကို မလိုလားစွာ သူမေ့​ပျောက်ခဲ့ရတာ။ လုံ​လောက်ပြီ...ခု​တော့ လုံ​လောက်ပါပြီ။ လှပတဲ့အတိတ်​တွေကို ထပ်ပြီးချိပ်ပိတ်ထားစရာမလို​တော့တာမို့ သူဟာအခုကစလို့ တစ်ချိန်တစ်ခါအတွက် လှပတဲ့အတိတ်​ဆိုတာများကို ​ကျေ​ကျေနပ်နပ်ကြီး ဖန်တီးဖြစ်ဦးတော့မှာပဲ။

​သို့​ပေမယ့် ပြန်​တွေးကြည့်စရာက အတိတ်​တွေက နည်း​နေ​သေးတယ်ဆိုတဲ့အချက်။

​​ရှောင်းကျန့်က က​လေးဘဝထဲက ကြိုးစားရခြင်းဆိုတာနဲ့ ​နေသားတကျဖြစ်ခဲ့တာမို့
လူ​တွေနဲ့​ရော​​​ရော​ထွေး​ထွေး လုပ်တတ်ခြင်းအလျင်းမရှိခဲ့။
ဝမ်ရိ​ပေါ်ကို​တောင် ဝမ်ရိ​ပေါ်ကိုယ်တိုင် လာဖွင့်မ​ပြောခင်ကတည်းက ချစ်မိခဲ့တာဖြစ်​ပေမယ့် ဝမ်ရိ​ပေါ်သာလာဖွင့်မ​ပြောခဲ့ရင် သူတို့ဒီလိုအ​ခြေအ​နေ​တွေ​တောင် ​ရောက်လိုက်မယ်လို့မထင်။

သူဟာ ဝမ်ရိ​ပေါ်ကိုမြင်မြင်ခြင်းချစ်ခဲ့မိတာလား တစစနဲ့ချစ်ခဲ့မိတာလားဆိုတာကို မမှတ်မိခဲ့​သော်ငြားလည်း သတိထားမိတဲ့အချိန်မှာ သူ့ရဲ့ရင်မှာ ​ဆေးလွန်​နေခဲ့ပြီးဖြစ်ခဲ့၏။ ​သေချာတာက​တော့ သူ့အနားကို​အေး​အေး​ဆေး​ဆေးမဟုတ်ဘဲ ထူးဆန်းတဲ့နည်း တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ​​ရောက်​ရောက်လာတဲ့ဝမ်ရိ​ပေါ်ကို သတိမထားမိဘဲ မ​နေနိုင်ခဲ့ပါဘူး။

​အေး​အေး​ဆေး​ဆေး​နေတတ်တဲ့ သူမို့ နှုတ်ကတစ်ခွန်းမှ ဖွင့်မ​ထုတ်ပြခဲ့​ပေမယ့် ဝမ်ရိ​ပေါ်ရဲ့ အ​ကြောင်းအရာ​သေး​သေး​လေး​တွေကအစ သူသိနိုင်ဖို့ကြိုးစားခဲ့ပါရဲ့။

Yes,I like,you too? Tempat cerita menjadi hidup. Temukan sekarang