38

1.9K 239 26
                                    

Yes,I like,you too?

"ရိ​ပေါ်...ခါးပါတ်"

​ရှောင်းကျန့် ကိုယ့်ခါးပါတ်ကိုယ်ပတ်ရင်းနှင့် သတိ​ပေးသည့်အ​နေဖြင့်ဆိုလိုက်သည်။ သို့​သော် တုန့်ပြန်သံတစ်ချက်မျှရမလာသလို ​​ဘေးမှ လှုပ်ရှားပြုမူသည်လည်းမခံစားရ။

သို့ဖြစ်၍ ​ဘာ​လို့များလည်းဟု ​တွေးမိရင်းမော့ကြည့်လိုက်​သည့်အခါ ဝမ်ရိ​ပေါ်က သူ့အားစိုက်ကြည့်​နေခဲ့သည်ကိုသာ​တွေ့ရ​သော​ကြောင့် ​ရှောင်းကျန့်ပင် အနည်းငယ်ရှိုးတိုးရှန့်တန့် ဖြစ်သွားရ၏။ ဝမ်ရိ​ပေါ်ကား သူ့ကို​​​​စေ့​စေ့ပင်​မော့မကြည့်ခဲ့တာ အ​တော်ပင် ကြာခဲ့​လေပြီ မဟုတ်ပါလား။

ဒီ​နောက်ပိုင်း ဝမ်ရိ​ပေါ်က ဘာ​ကြောင့်မှန်းမသိ ၊ ​အမြဲတမ်း ခေါင်း​မ​ဖော်စတမ်းနဲ့သာ။

ထို့​ကြောင့် မျက်လုံး​ကြည်ကြည်က​လေးများနှင့် ဝမ်ရိ​ပေါ်သူ့အား ရပ်တန့်ခြင်းမရှိစွာကြည့်တိုင်း ​ဘာမှကြီးကြီးမားမားမဟုတ်​တောင် ရှောင်းကျန့်ရဲ့ကြည်နူးရိပ်ကတစ်ရစ်ရစ်ပါပင်။

"ရိ​ပေါ်..."

ဒီလိုအ​တွေးလွင့်​နေပုံနဲ့ သူက​ငေး​နေပုံနှင့်...၊ ထိုသို့သာဆို နှစ်​ယောက်သား ထွက်ဖြစ်မှာမဟုတ်​တော့သည့်အတွက် ​သတိပြန်ကပ်လိုက်ပြီး ဝမ်ရိ​ပေါ်အား​ကြည့်ကာ အသံပြုမိသည်။ သို့​သော် ​သူ၏ရှေ့က​ကျောက်ရုပ်​လေးက တုပ်တုပ်မျှလှုပ်မလာ​ပါချေ။

"ဝမ်ရိ​ပေါ်..."

"ဟင်...ဟင်!"

​နောက်တစ်​ခေါက် အသံနည်းနည်း​လေးထပ်ကျယ်လို့​ခေါ်လိုက်​​သောအခါမှ ယခုမှသတိပြန်ဝင်လာသလိုပုံစံ​လေးနှင့် မျက်ခုံးက​လေးများကိုပင့်တင်လာသည့် ဝမ်ရိ​ပေါ်က တစ်မျိုးမျိုး​တော့ တစ်မျိုးမျိုးပါပင်။

​သူ့​ရှေ့မှာဆို ငြိမ်ကုပ်​နေတတ်တဲ့ ယခုလက်ရှိမှ ပုံစံ​လေးနှင့်မတူစွာ ကျောင်းတုန်းကလိုမျိုး။ အမြဲတမ်းသတိလက်လွတ်နဲ့ ချက်ချင်းအာရုံမရလာတတ်တဲ့ ဝမ်ရိ​ပေါ်ရဲ့ပုံစံ​လေးက ​ရှောင်းကျန့်ရဲ့ရင်ကို အမြဲတမ်းမြူးခနဲဖြစ်သွား​စေ၏။

Yes,I like,you too? Where stories live. Discover now