9

2.8K 361 8
                                    

Yes,I like,you too?

"ချီးယားစ်!!!"

"​ဝေးးး​​ဟေးးး"

ခွက်​များအား အသံမြည်​အောင် တိုက်လိုက်ကြပြီးတဲ့​နောက်
ရယ်တဲ့သူကရယ် ပြုံးတဲ့သူကပြုံးနဲ့ တစ်ပြိုင်တည်း​မော့​သောက်ကြ​သည်။
ထိုကြားထဲ ဝမ်ရိ​ပေါ်က​တော့ ရယ်ကျဲကျဲနဲ့ကြည့်ရင်း ဘယ်သူအရင်ကုန်မလဲဆိုတာကို
​စောင့်​ကြည့်နေရ​တာဖြစ်ရဲ့။

​ယခုဝမ်ရိ​ပေါ်​ရောက်​နေတဲ့​နေရာက စား​သောက်ဆိုင်တစ်ခုကိုဖြစ်ပြီး ဘာ​ကြောင့်လဲဆိုရင်​တော့ ကျဲရွှမ်လုအလုပ်ကိုလာပြန်ဆင်းရင်း သတင်း​ကောင်းပါလာ​သော​ကြောင့်ဖြစ်၏။

​ပြောရမယ်ဆိုရင်​တော့ ကျဲရွှမ်လုမှာ ကိုယ်ဝန်ရှိ​နေပြီဆိုတဲ့သတင်း​ကြောင့်
ကျဲရွှမ်လုရဲ့​ယောကျ်ားယုချန်က အဝလိုက်တိုက်တာပင်။
သူအလုပ်စဝင်ကတည်းက ကျဲရွှမ်လုကိုမ​တွေ့ရတဲ့အ​ကြောင်းအရင်းက ကျဲနဲ့ သူ့အမျိုးသားယုချန်​ကောက ​ဆေးသွားစစ်​ရင်း မိဘ​တွေဆီ အလည်သွားလို့ဖြစ်ပါသတဲ့။

ရိ​ပေါ်တို့နဲ့ ​ဝေးကွာ​နေတဲ့​​လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ကျဲရွှမ်လုက ယုချန်​ကောနဲ့အိမ်​ထောင်ပြုခဲ့တာပါတဲ့။ ထိုအချိန် သူတို့​တွေက ပြန်မဆုံလိုက်နိုင်တော့ မသိလိုက်ဘူး ဖြစ်သွားခဲ့တာရယ်။

ဒါ့​ကြောင့်ပဲ အဲ့အချိန်တုန်းကလွတ်သွားတာ​ရော အခုအတွက်ပါ​ပေါင်းပြီး တစ်ဝကြီးလိုက်​ကျွေးတာဖြစ်ပါရဲ့။

ကျန်တဲ့သူ​တွေအားလုံးက​တော့ ​သောက်ကျ​ပေမယ့် ရိ​ပေါ်က​တော့ ထုံးစံအတိုင်းမ​သောက်ဖြစ်။ အသား​တွေ မုန့်​တွေကိုစားရင်းနဲ့ငြိမ်ငြိမ်က​လေးပဲထိုင်ဖြစ်ပါသည်၊
ဘာလို့ဆို မာမားကလည်း မှာထားသလို ဝါးလုံးကွဲ​အောင်ရိုက်မယ့် ပါပါးကလည်း အသင့်​စောင့်​နေသည်မဟုတ်ပါလား။ ရိ​ပေါ်ပါ...ဒီ​လောက်​တော့ ပါးပါတယ်။

"ရိုးးး ငါတို့​တောင် ဦး​လေး​ကြီး​တွေဖြစ်​တော့မှာပဲ​နော်...ကျဲရဲ့ က​လေးက သားကို ဦး​လေးကြီးဆိုပြီး ​ခေါ်လာရင် ဘယ်လိုတုံ့ပြန်ရမလဲ?"

​ဟောက်ရွှမ်းက အရက်ခွက်က​လေးတကိုင်ကိုင်လုပ်ရင်း မဲ့တဲ့တဲ့နှင့်​ပြောလာ​တော့
ကျဲရွှမ်လုကရယ်သည်။ ယုချန်​ကောက​တော့ဘာမှဝင်မ​ပြော။ မရင်းနှီးတာ​​ကြောင့် ​နေပါမယ်။ တစ်ဝိုင်းလုံးတိတ်​နေသည့်ကြားထဲမှ ဝင်​ပြောတဲ့သူက​တော့ ကျိလီပင်။ တစ်ခွက်တစ်ဖလား...နှစ်ခွက်နှစ်ဖလား..သုံးခွက်သုံးဖလားက​နေ ခွက်ချင်းထပ်​အောင်​သောက်​နေ​တော့ သူများထက်ပိုမူး​နေခဲ့ပြီး ​ပြောချင်ရာ​တွေလဲဇွတ်​ပြောလို့။

Yes,I like,you too? Hikayelerin yaşadığı yer. Şimdi keşfedin