7

3.1K 397 19
                                    

Yes,I like,you too?

၃ရက်​မြောက်​နေ့။ ဒီ​နေ့ ဝမ်ရိ​ပေါ်အလုပ်စဆင်းတာ ၃ရက်​မြောက်ဖြစ်တဲ့​နေ့။

အလုပ်ဆင်းတာ၃ရက်ပြည့်​တော့ ဘာထူးဆန်းသလဲလို့​မေးလာရင်​တော့ ​ဖြေရမှာက
ဟုတ်...တကယ်ပဲထူးဆန်း​နေလို့​ပြော​နေရခြင်းဖြစ်ပါသည် ဆိုပြီး။
ဘာ​တွေကများထူးဆန်း​နေလဲလို့​မေးလာရင်​တော့ အလုပ်ဆင်းတာဖြင့် လချီမ​ပြောနှင့် ၃ရက်​တောင်တင်းတင်း​ မပြည့်​သေးဘဲ အိပ်ယာထ​နောက်ကျပြီး အလုပ်ကို တစ်နာရီ​နီးပါးတောင်မှ ​နောက်ကျ​နေပြီဖြစ်​သော​ကြောင့်ဖြစ်၏။

သူတကယ်အလန်း​သေချာ​ပေးထားခဲ့တာပါ။  ​သေချာ​အောင် ဘယ်​လောက်ထိလုပ်ထားသလဲဆိုရင် မနက်၇နာရီမှာတစ်ကြိမ်၊ ၇နာရီခွဲမှာတစ်ကြိမ် ၊ ၈နာရီမှာတစ်ကြိမ် အစရှိသဖြင့် သုံးကြိမ်တိုင်တိုင် အလန်း​ပေးထားခဲ့တာပင်။ သို့​သော် ဝမ်းနည်းစရာ​ကောင်းစွာပဲ...၃ကြိမ်စလုံးကိုအလန်းပိတ်ပြီး ပြန်အိပ်မိခဲ့သည်​လေ။

သူအိပ်ယာက​နေ ၉နာရီ၁၀မိနစ်နဲ့ စက္ကန့်ဝက်​လောက်မှနိုးခဲ့ပြီး ဒါ​တောင် မာမားက ဒီ​နေ့အလုပ်ပိတ်တာလားဆိုပြီး လာ​မေး​တော့မှ။ အချိန်အတိအကျဘယ်လိုသိလဲမ​​မေးပါနဲ့...နိုးနိုးချင်းနာရီကြည့်မိခဲ့တာမို့။

သူ မသွား​တော့ရင်​ကောင်းမလားဆိုပြီး ​တွေးခဲ့​​သေးပေမယ့် ပျက်လိုက်ရင်ပိုဆိုးသွားမည်စိုးတာ​ကြောင့် လာခဲ့လိုက်တာ။

သို့​သော် ယ​နေ့ဝမ်ရိ​ပေါ်ကံ​မ​ကောင်းပါ။ ခါတိုင်းကံမ​ကောင်းတာထက် ၂ဆ​လောက်ပိုကံမ​ကောင်းခဲ့။ အလုပ်​နောက်ကျလို့ သိပ်ချစ်တဲ့မာမားဆူတာကို​တောင်ခံလိုက်ရသည့်အပြင် ရုံးထဲကို​ပြေးဝင်ဝင်လာချင်း ဓါတ်​လှေကားထဲ​ရောက်​တော့ ရှောင်းကျန့်နဲ့​တွေ့သည်မို့။

သူခဏ​လေးဆိုပြီး ​စောင့်ဖို့မ​​အော်​ခေါ်ခဲ့သင့်သလို ဓါတ်​လှေကားထဲလဲ မဝင်ခဲ့သင့်တာဖြစ်သည်။ ​​နောက်ပြီး လှေကားနဲ့ပဲတက်ရင်တက်ရပါ​စေ တက်ခဲ့ရမှာ။ ယခု​တော့ ဓါတ်​လှေကားအတွင်း ​လေထုကြီးက​အေးစက်လို့။

Yes,I like,you too? Where stories live. Discover now