24

2.3K 296 36
                                    

Yes,I like,you too?

"အိ.."

တစ်စုံတစ်ရာနဲ့ပြင်းပြင်းထန်ထန် တိုက်မိလိုက်ပြီလို့ ခံစားလိုက်ရတည်းက ဝမ်ရိ​ပေါ်ဟာ သူ့ရဲ့မျက်လုံးအစုံကိုသတိမထားမိခင်​လေးမှာတင် မှတ်မိခဲ့သည်ဖြစ်ပြီး
ထိတိုက်မှုအားရဲ့ပြင်းထန်မှု​ကြောင့်လည်း သူ့ရဲ့ကိုယ်ဟာ အ​နောက်သို့ ယိမ်းကာ ပြန်ကန်ထွက်မိခဲ့ပြီးဖြစ်သည်။

အဖြစ်အပျက်​တွေကမြန်ဆန်လွန်းတာမို့ ကိုယ့်ကိုယ်ကို ဟန်ချက် မထိန်းနိုင်​တော့ဘဲနဲ့
လန်ကျ​လေ​တော့ ရုတ်ချည်း​တွေးမိလိုက်တာက 'သွားပြီ' ဆိုပြီး။

သို့​ပေမယ့် တကယ့်အဖြစ်အပျက်က လက်​တွေ့နဲ့ မတူညီခဲ့ပါ။
မာ​ကျောတဲ့ကြမ်းပြင်နဲ့ ထိ​တွေ့ရ​တော့မယ်​လို့ ​ကြောက်​ကြောက်လန့်လန့်​တွေးမိလိုက်​ပေမယ့် တကယ်တမ်းက အပြည့်အစုံမလဲကျရ​သေးခင်မှာပင် သူ့ရဲ့ကိုယ်ဟာ​လေထဲတင်ရပ်တန့်ပြီး ပုခုံးက​နေတင်းကျပ်မှုတစ်စုံတစ်ရာကိုသာ ခံစားခဲ့ရသည်။

သို့​ပေမယ့် သူ့မယ်လန့်သွားတာ​ကြောင့် ချက်ချင်းမျက်လုံးမဖွင့်နိုင်ခဲ့။ သို့​ပေမယ့် အံ့သြရခြင်း​တွေ လန့်ထိတ်ရခြင်း​တွေက ထိုမျှနဲ့ မရပ်သွား​​ခဲ့ပါ​ချေ။

"ဝမ်ရိ​ပေါ်... " ဆိုတဲ့ ရင်းနှီး​နေတဲ့ အသံ​ကို သူကြားလိုက်ရပြီး ထိုသို့ကြားလိုက်ရ​သောကြောင့် စိုးရိမ်စွာ ရုတ်ချည်းမျက်လုံးဖွင့်ကြည့်မိလိုက်​တော့ လက်​တွေ့ ​တွေ့လိုက်ရသည်က ​သေချာ​ပေါက်​ရှောင်းကျန့်ဖြစ်​နေခဲ့သည်ကို။

​မျက်လုံးဖွင့်ကြည့်မိလိုက်သည်နဲ့ တန်း၍​တွေ့လိုက်ရသည်က ရည်းစား​ဟောင်း​ရဲ့ အနီးကပ်မျက်နှာဖြစ်​နေပြီး သူ့ကိုပုခုံးက​နေ​ပွေ့ဖက်ထားသည်ကို သတိထားမိလိုက်သည့်အခါ ဝမ်ရိ​ပေါ်ရဲ့မျက်နှာခမျာ ​ရေ​နွေးအိုးနဲ့အကပ်ခံလိုက်ရသလို ရှဲခနဲပူတက်လာ​တော့တာပါပဲ။

"ဟမ်..."

"အဆင်​ပြေရဲ့လား..သား"

"ဟင်!..မား"

ရုတ်တရက်မို့ ဘာလုပ်ရမယ်မသိဖြစ်​နေတုန်း ​ဘေးနားကမားရဲ့အသံကို ကြားလိုက်ရတဲ့အခါ မျက်နှာမှာ နှစ်ဆရဲတက်လာခဲ့ပြီး ထို​တော့မှပဲအလန့်တကြား ​ရှောင်းကျန့်ဆီမှ ရုန်းထွက်ကာ မတ်တပ်ပြန်ရပ်မိ​တော့သည်။

Yes,I like,you too? Where stories live. Discover now