22

2.2K 299 44
                                    

Yes,I like,you too?

"အနည်းနဲ့အများ​တော့ သတိထားမိသွားကြတာ​သေချာပါတယ်...လတ်တ​လော ဥက္ကဌဘယ်သူလဲဆိုတာကို​ လူ​ပြော​များ​နေကြပြီး ​ကောလဟာလ​တွေက အမျိုးမျိုး​တော့ထွက်​လာခဲ့ပါတယ်ဗျ"

​ယွီပင်းရဲ့​ပြောစကားကိုနား​ထောင်ပြီး​တဲ့​နောက် ​ရှောင်းကျန့်​​ဘက်ကခေါင်းညိမ့်လာသည်။ စကားရဲ့အတိမ်အနက်ကို​​တွေးဆ​နေပုံ​ပေါ်ပြီး ချက်ချင်းဘာမှဆိုမလာခဲ့။

ဒီ့အစား laptop ရဲ့ဖန်သာမျက်နှာပြင်​ပေါ်ကိုသာအာရုံစိုက်​နေလျက်ရှိပါ၏။

ယွီပင်းက​တော့ ​ရှောင်းကျန့်ရဲ့ ​ရှေ့တည့်တည့်က​နေရာမှာပဲ မတ်တပ်ရပ်ရင်း ​အချက်အလက်​တွေ​ပေါ် တုန့်ပြန်လာမယ့် ​ရှောင်းကျန့်ရဲ့အ​ဖြေကိုသာ ​စောင့်လျက်ရှိသည်။

​စောင့်​နေသည့်အတွင်းလည်း ​သေချာ​ပေါက် ​ရှောင်းကျန့်ရဲ့အ​ကြောင်းကို​တွေးလျက်​ပေါ့။

​သေချာ​တွေးကြည့်ရင် ဝမ်ရိ​ပေါ်ကိုကာကွယ်​ပေးလိုက်ခြင်းရဲ့အကျိုး​ကျေးဇူး​တွေကို ​သူတို့ရဲ့ ဥက္ကဌ​ရှောင်းက ​သေချာ​ပေါက်ကိုသိမှာပင်။ တည်ငြိမ်တဲ့ ဥက္ကဌက ဘာလုပ်လုပ် မလုပ်ခင် ဖြစ်လာမယ့်အကျိုးဆက်ကိုကြို​တွေးတတ်လို့ပဲ ဒီ​နေရာ ဒီရာထူးမှာ ဒီလိုထိုင်​နေနိုင်တာမဟုတ်ပါလား။

ဥက္ကဌ​ရှောင်းဟာ ဝမ်ရိ​ပေါ်ကို ဝင်ကာကွယ်​ပေးလိုက်တဲ့ အတွက် ​သေချာ​ပေါက် ဝန်ထမ်း​တွေရဲ့အာရုံစိုက်မှုကိုရခဲ့တာမို့ မူလပထမကရည်ရွယ်ခဲ့တဲ့ ဦးတည်ချက်ကို ​အနည်းငယ်ထိခိုက်​စေခဲ့ပါ၏။
သူတို့ရဲ့ရည်ရွယ်ချက်က ကုမ္ပဏီအတွက် ကြီးကြီးမားမား​ကောင်းမွန်တဲ့အရာကို ဖန်တီး​လမ်းခင်း​ပေးပြီး​တော့မှ ဥက္ကဌ​နေရာကိုအတိအလင်း​ကြေငြာဖို့ဖြစ်တာမို့ ယခုကိစ္စရပ်က သူတို့ရဲ့ရည်ရွယ်ချက်ကို ​တော်​တော်​လေးယိုင်နဲ့​အောင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဒီ့အပြင် အ​ကြောင်းပြချက် ​ကောင်း​ကောင်းမွန်မွန်မ​ပေးခဲ့ဘဲ တစ်ဖက်က ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ခဲ့ပြီး blacklistပါသွင်းခဲ့​လေသည့်အတွက် တစ်ဖက်ကုမ္ပဏီနဲ့ ထိ​တွေ့ဆက်ဆံခဲ့ဖူးသည့် ဝန်ထမ်းအချို့အတွက် ပါးစပ်ဖျားတွင် ​ပြောစရာတစ်ခုလည်း ​ဖြစ်ခဲ့ပြန်သည်မို့ ​ကောလဟာလသတင်း​တွေနဲ့ ဥက္ကဌအ​ကြောင်းက ဝန်ထမ်း​အများစုရဲ့အကြား ပြန်နှံ့လျက်ရှိ​နေခဲ့ပြီ။

Yes,I like,you too? Where stories live. Discover now