Part - (1)

3K 135 15
                                    

14ရာစုအစပိုင်းရှိခုနှစ်တစ်ခုတွင်
....................................................

"မင်းလိုအောက်တန်းကျတဲ့အကောင်ကရာရာစစငါ့သားကိုမြူဆွယ်ရဲတယ်"

ခြေထောက်နှစ်ဖက်ကပူးကပ်တုပ်နှောင်ခံထားရတဲ့အပြင်လက်နှစ်ဖက်မှာလည်း နောက်ပြန်ကြိုးတုပ်ခံထားရတဲ့ကောင်လေးကကြမ်းတမ်းတဲ့မြေပြင်ပေါ်မှာဒူးထောက်ထိုင်နေတယ်။

သူ့ရဲ့မျက်လုံးတွေကအသက်မဲ့နေပြီးတော့မျှော်လင့်ချက်မရှိပဲဆက်လက်ဖြစ်လာမယ့်အရာအားလုံးကို ကြိုတင်ခန့်မှန်းသိရှိနေသလို။

တစ်ဖက်မှာအစောင့်ရဲမက်တွေကချုပ်နှောင်ထားပေမယ့်သူချစ်ရတဲ့လူတစ်ယောက်ကို ကာကွယ်ဖို့ရာအကောင်းဆုံးကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ကလဲရှိနေခဲ့တယ်။

"ကြိမ်ဒဏ်အချက်၅၀ပေးစေ"

ပလ္လင်ပေါ်မှာထိုင်နေတဲ့အသက်ကြီးကြီးလူတစ်ယောက်ကအမိန့်ပေးလိုက်တာနဲ့ ဂျယ်မင်းရဲ့ကိုယ်ခန္ဓာပေါ်ကျရောက်လာတဲ့စူးရှတဲ့ကြိမ်ကြိုးတွေရဲ့ဒဏ်ချက်တွေ။

အသားကိုတစ်ချက်ထိလိုက်တာနဲ့အသားတွေစပ်ဖျင်းဖျင်းဖြစ်ကာကျန်ခဲ့ပြီးတော့ ဒီလိုခံရတဲ့နာကျင်မှုကနေသူရုန်းထွက်ဖို့ရော ထွက်ပြေးဖို့ရောမကြိုးစားခဲ့ပေ။

ကြိမ်ဒဏ်အချက်၅၀ဆိုတာအကောင်းပကတိရှိနေတဲ့လူကိုတောင်သေစေနိုင်ပါ၏။ ကြိမ်ဒဏ်တစ်ချက်စီတိုင်းကသေလောက်တဲ့နာကျင်မှုကိုပေးပါ၏။

သူ့လိုသုံးရက်ကျော်အကျဉ်းထောင်ထဲမှာဂျုံနဲ့လုပ်ထားတဲ့ပေါင်မုန့်လေးနဲ့ တစ်နေ့တစ်လုံးစားပြီးအသက်ရှင်လာတဲ့သူဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာစဉ်းစားစရာပင်မလိုပါ။

ဂျယ်မင်းရဲ့ကိုယ်ပေါ်ကိုကျရောက်လာတဲ့ကြိမ်ဒဏ်ချက်တွေကဂျယ်မင်းရဲ့တစ်ကိုယ်လုံးကိုတုန်ရီစေပြီး နာကျင်လွန်းလို့မျက်ရည်အချို့ကထွက်ကျလာပါ၏။

ဟုတ်တယ်။ သူမချစ်ခဲ့ရမှာ။ သူဒီလူကိုသာမတွေ့ခဲ့ရင်သူလမ်းဘေးမှာတောင်းစားနေရလဲအနည်းဆုံးတော့မဝမ်းနည်းရဘူး။ ဒီလိုမဖြစ်ရဘူး။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now