"ကောင်းကောင်းအိပ်စက်ပါမင်းသမီးငယ်"
ဂျယ်နိုကအသံကိုအနည်းငယ်တိုးငယ်သောအသံဖြင့်မင်းသမီးငယ်ကိုနှုတ်ဆက်လိုက်ကာ ရဲမက်တွေကိုလဲပြန်ဖို့သူ့ရဲ့လက်ဖြင့်အရိပ်အခြေပြလိုက်ပါ၏။
ဂျယ်နိုရဲ့ပါးစပ်ကသာစကားပြောနေ၍အနည်းငယ်လှုပ်နေသော်လည်း သူ့ရဲ့ခန္ဒာကိုယ်ကတစ်စက်လေးတောင်မလှုပ်။ အထူးသဖြင့်ဂျယ်မင်းရဲ့ခေါင်းရှိနေတဲ့သူ့ရင်ဘက်။
ဂျယ်မင်းကနန်းတော်ကိုရောက်ခါနီးလောက်မှာဂျယ်နိုရဲ့ရင်ဘက်ကို နောက်မှီပြုကာအိပ်ပျော်သွားခဲ့ပြီး ထိုအရာကိုဂျယ်နိုကသတိထားမိလိုက်တာနဲ့ သူ၏မြင်းကိုအနည်းငယ်အရှိန်လျှော့လိုက်မိပါသည်။
သူဘာလို့ဒီလိုလုပ်ခဲ့လဲမသိပေမယ့် သေချာတာတော့ဒီကောင်လေးနိုးသွားမှာစိုးလို့ဖြစ်ပါလိမ့်မည်။ အခုနန်းတော်ရောက်တာတောင်မှဂျယ်နိုကသူ့ကိုမနှိုးချင်သေး။
ဘယ်အချိန်ထဲကနေစပြေးလာလဲမသိ။ ဒီလောက်အနာတရတွေဖြစ်နေတဲ့လူကပင်ပန်းလွန်းလို့အိပ်မောကျနေတာကိုဂျယ်နိုမနှိုးရက်ပါ။
ဒါကြောင့်ဒီကောင်လေးမနိုးအောင်မြင်းပေါ်ကနေဆင်းဖို့သာကြိုးစားနေပါတော့သည်။ ဂျယ်နိုကတကယ့်ကိုဖြည်းညှင်းစွာလှုပ်ရှားပြီးတဲ့နောက်မှာတော့ ဂျယ်မင်းကိုသေချာချီလိုက်ကာမြင်းပေါ်ကနေဖြည်းညှင်းစွာခုန်ဆင်းလိုက်ပါသည်။
'အင်း....'
ဂျယ်မင်းဆီကနေထွက်လာတဲ့အသံသေးသေးလေးကြောင့်ဂျယ်နိုကချက်ချင်း ဂျယ်မင်းကိုငုံ့ကြည့်လိုက်တော့ကောင်လေးရဲ့မျက်နှာကဂျယ်နိုရဲ့ရင်ဘက်ကိုအပ်ထားကာ မျက်ခုံးလေးတွေကအနည်းငယ်ကြုံ့နေပါသည်။
န်ိုးတော့မလိုဖြစ်သွားတဲ့ဂျယ်မင်းကြောင့်ဂျယ်နိုကသူ့ရဲ့ခြေလှမ်းတွေကိုအရှိန်လျှော့လိုက်ကာ အတတ်နိုင်ဆုံးဂျယ်မင်းသက်တောင့်သက်သာအိပ်နိုင်အောင်ကြိုးစားနေမိပါသည်။
ဂျယ်နိုကသူ့ရဲ့အဆောင်ထဲဝင်လိုက်ပြီးကောင်လေးကိုအိပ်ယာပေါ်မှာနေရာချလိုက်တော့မှပဲ ဂျယ်နိုလည်းသက်ပြင်းတစ်ချက်ချနိုင်တော့သည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...