Part - (33)

442 54 3
                                    

မှောင်မဲနေတဲ့လကွယ်ညတစ်ညမှာလရဲ့အလင်းရောင်လဲမရှိနေသလို ရေတွက်ဖို့ရာကြယ်တွေကလဲအလင်းကိုပေးမနေပြန်ပါဘူး။ လောကကြီးကတစ်ခါတစ်လေတော့ရက်စက်ပါသည်။

ရက်စက်လှသောလောကကြီးကိုအလင်းရောင်မပေးတဲ့ကြယ်လေးတွေရဲ့စိတ်ကို နားလည်ပေးရမယ်မဟုတ်လား? သူတို့လည်းမကောင်းတဲ့အရာအတွက်အလင်းရောင်ဘယ်ဖြစ်ချင်ပါ့မလဲ။

ဒါပေမယ့်တစ်ချိန်ထဲမှာပဲမကောင်းတဲ့လူကို ခင်ဗျားဟာဘာလို့မကောင်းတဲ့လူဖြစ်နေရသလဲ လို့မေးခဲ့ရင်ထိုလူကအမြန်ပဲအဖြေပေးပါလိမ့်မည်။

'ဘာလို့ဆို ငါဟာတစ်ခါလေးတောင်အလင်းရောင်ကိုမခံစားခဲ့ဖူးလို့'ဟူ၍။ လူတွေကဒီလိုပါပဲ။ မှောင်မိုက်မှုကမကောင်းတဲ့လူကိုဖန်တီးပြီး မှောင်မိုက်မှုကပဲမကောင်းတဲ့လူကိုအပြစ်ပေးပါတယ်။

ဓားစာခံလိုလူသားတွေကတော့ 'မကောင်းတဲ့လူ' လို့နာမည်တပ်ခံရပြီးတော့တစ်သက်လုံးအပြစ်တင်ခံရပြီး လျစ်လျှူရှုခံရပြီးနေထိုင်သွားကြရတယ်။

လောကဓံတရားကြီးကဒီလိုပဲလည်ပတ်နေခဲ့ပါတယ်။ ဒါပေမယ့်ဒီလိုသာဆိုရင်လောကကြီးကရော သဘာဝကရော နောက်ဆုံးကြယ်လေးတွေအထိမကောင်းတာမဟုတ်ပါဘူးလား?

ဒီအတွေးကိုတခြားသူတွေနားမလည်နိုင်လောက်ပေမယ့်ဂျယ်နိုကတော့ကောင်းကောင်းနားလည်ပါသည်။ မကောင်းတဲ့လူဟာဆိုးရွားတာနဲ့ကြုံတွေ့ရလာလို့မကောင်းတဲ့လူဖြစ်လာတာ။

သဘာဝကမကောင်းတာ။ ကြယ်တွေကမကောင်းတာ။ ကံကြမ္မာကမကောင်းတာ။ လူတွေကမကောင်းတာမဟုတ်ဘူး။ ငါတို့လူသားတွေဟာအပြစ်ကင်းခြင်းနဲ့မွေးဖွားလာခဲ့တာ။

ဂျယ်နိုကသူ့အိပ်ယာပေါ်မှာအိပ်နေတဲ့ကောင်လေးရဲ့ဖြူဖွေးနေတဲ့အသားအရည်ပေါ်က ကြီးမားလှတဲ့နီညိုရောင်အရာကြီးကိုဖယောင်းတိုင်မီးရောင်မျှနှင့်သာကြည့်နေမိသည်။

ချက်ရဲ့အပေါ်နားကနေစကာအပေါ်ဘက်ရင်ဘက်နားအထိရှည်လျားတဲ့မီးလောင်ရာအချောင်းလိုက်။ ဘယ်လိုကြည့်ကြည့်ဒါကမီးရှို့ခံထားရတဲ့သံချောင်းနဲ့ကပ်ခံထားရတာမျိုး။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now