"ဂျယ်နို အဆင်ပြေရဲ့လား!"
မြင်းပေါ်ကနေတန်းဆင်းလာကာဂျယ်နိုဆီကိုအမြန်ပြေးလာတဲ့ဝူး။ ဝူးကဂျယ်နိုဆီပြေးလာကာစိတ်ပူနေပေမယ့်လည်းဂျယ်နိုကောတ့ဂျယ်မင်းရဲ့မျက်နှာကိုသာကြည့်နေခဲ့သည်။
ဂျယ်မင်းရဲ့မျက်လုံးတွေကပိုပြီးမှေးကျလာတာကိုသတိထားမိတာကြောင့်ပါလာတဲ့သမားတော်ကိုအမြန်ပင်ခေါ်ကာ ဂျယ်မင်းကိုကြည့်စေသည်။
သမားတော်ရောက်လာကာဂျယ်မင်းကိုအနောက်လှည့်ပြီးဒဏ်ရာကိုကြည့်မယ်ပြုသော်လည်း ဂျယ်နိုရောဂျယ်မင်းရောသိပါ၏။ သွေးထွက်လွန်နေပြီ။
"သွေးထွက်လွန်နေပေမယ့်ချုပ်လိုက်ရင်အသက်ရှင်နိုင်ချေနဲနဲရှိပါတယ်"
"အသက်ရှင်နိုင်နှုန်းဘယ်လောက်လဲ"
"လေး...လေးပုံမှာတစ်ပုံ.."
ဂျယ်နိုကမျက်ရည်တွေဆက်လက်စီးကျနေဆဲဖြစ်ပြီးဘယ်တော့မှရပ်သွားမည့်ပုံလဲမပေါ်။ ဂျယ်နိုကဂျယ်မင်းရဲ့လက်ကိုလက်တစ်ဖက်ဖြင့်ကိုင်ကာသူ၏နှုတ်ခမ်းများဖြင့်ဖိကပ်ထားပါ၏။
ဂျယ်နိုရဲ့လက်တွေကတုန်ယင်နေကာပါးစပ်ကဘာမှန်းမသိတာတွေကိုတိုးတိုး တိုးတိုးဖြင့်တစ်စုံတစ်ခုကိုဆက်တိုက်ရေရွတ်နေသည်။ ဘဝဆိုးလှတဲ့ဂျယ်နိုရဲ့ငယ်ဘဝမှာတောင်ဒီလိုပြိုလဲတဲ့ပုံစံကိုတစ်ခါမှမတွေ့ခဲ့ဖူး။
"ကျနော်...မနာချင်.."
"ကိုယ်သိတယ်။ ကိုယ်မင်းကိုသမားတော်ကိုပေးမလုပ်ပါဘူး။ ကိုယ်သိတယ်။ မင်းကိုမနာကျင်စေရဘူး..."
ဂျယ်နိုကတုန်ရီနေတဲ့အသံတွေနဲ့ပြောလိုက်တော့ဂျယ်မင်းရဲ့မျက်နှာပေါ်မှာသေးငယ်တဲ့ အပြုံးတစ်ခုနဲ့မျက်ရည်တွေဝဲလာတာကိုသတိထားလိုက်မိပါ၏။
"ဘာလို့ငိုတာလဲ..."
ဂျယ်နိုကနောက်ဆုံးတော့လက်နှစ်ဖက်လုံးအားသွားပြီဖြစ်သည်။ ဂျယ်မင်းရဲ့သွေးထွက်လွန်နေသောနောက်ကျောကဒဏ်ရာကိုသမားတော်ကဖိပေးထားသည်လေ။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...