Part - (22)

544 61 12
                                    

"ခင်ဗျား...ကျိန်းသေပေါက်အသက်ရှင်ရမယ်"

"နာဂျယ်မင်း ရူးနေလား!"

"မြန်မြန်။ ကျနော်အဆင်ပြေတာမို့ မြန်မြန်..."

"မင်းပါးစပ်ပိတ်ထား။ စကားမပြောနဲ့"

"လီဂျယ်နို!!! ကျေးဇူးပြုပြီးအသိစိတ်လေးဝင်လို့။ ကျနော်ဆက်...မပြေး...နိုင်တော့ဘူး..."

————————————————————————————
'လွန်ခဲ့သောရှစ်နာရီခန့်'
.....................................

သာယာလှပတဲ့နေ့လယ်ခင်းတစ်ခုမှာနေမင်းကြီးကသာယာစွာတောက်ပနေပေမယ့် ဆောင်းအလည်ကြီးဖြစ်၍မပူနေပဲအေးလွန်းသည်လည်းမဟုတ်သောအေးစိမ့်ခြင်းကိုခံစားနေရသည်။

"ခင်ဗျားလက်ကငြိမ်ငြိမ်မနေနိုင်ဘူးလား"

ဂျယ်မင်းရဲ့စိတ်တိုနေတဲ့စကားနဲ့အတူတူဂျယ်နိုကတစ်ချက်ရယ်လိုက်ပါ၏။ ဂျယ်မင်းကအော်လိုက်ပေမယ့်လည်းဂျယ်နိုကသူ့ရဲ့လက်ကိုအခုထိအငြိမ်မထား။

ဂျယ်နိုရဲ့လက်ကစစထိုင်ချင်းကတော့ဂျယ်မင်းရဲ့လက်ကိုသာကိုင်နေတာဖြစ်သော်လည်း သိပ်မကြာခင်မှာပဲသူ့ရဲ့လက်တွေကဂျယ်မင်းရဲ့ရင်ဘက်၊ ခါးတွေကိုပါလာရောက်ထိလာသည်။

အခုလည်းဂျယ်မင်းရဲ့ခါးပေါ်သူ၏လက်ကိုတင်ထားကာ ခါးဘေးပိုင်းကိုပွတ်သပ်နေသည်လေ။ ထို့ကြောင့်ဂျယ်မင်းကတောက်လျှောက်တွန်းထုတ်သော်လည်းမဖယ်ပေး။

နောက်ဆုံးတော့ဂျယ်မင်းကအော်ပြီးသတိပေးလိုက်သော်လည်းဒီအတိုင်းဒီအတိုင်းပင်။ ခဏတာသာငြိမ်သွားပြီးနောက်ငါးမိနစ်လောက်ကြာတော့မျက်နှာကြီးကပါရှေ့ကိုတိုးလာသည်လေ။

"ငြိမ်ငြိမ်နေပါဆို။ အဲ့လိုဆက်လုပ်နေရင်ကျနော်ဆက်မလုပ်တော့ဘူးနော်"

ဂျယ်မင်းကဒီတစ်ခေါက်တော့အပြတ်ပြောကာထိုင်ခုံကနေထလိုက်တာကြောင့် ဂျယ်နိုကရယ်လိုက်ပြီးဂျယ်မင်းကိုခါးကနေပြန်ဆွဲချကာပြန်ထိုင်စေပါ၏။

"ဟုတ်ပြီ ဟုတ်ပြီ။ ကိုယ်မလုပ်တော့ဘူး"

လှောင်ရယ်သံလား ပျော်၍ရယ်သံလားမသဲကွဲသည့်ရယ်သံပင်။ ဂျယ်မင်းကလဲဂျယ်နိုဆွဲခေါ်ရာအတိုင်းပြန်ထိုင်လိုက်ပြီးပန်းချီဆွဲသူအဆင်ပြေစေရင်ငြိမ်ငြိမ်နေလိုက်ပါသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now