Part - (47)

437 63 4
                                    

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလလယ်ခန့်
.....................................................

"ဘာ?!"

ဂျယ်မင်းကသူ့လက်ထဲမှာကိုင်ထားတဲ့ဘောပင်ကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ရင်း စိတ်တိုစွာအော်လိုက်မိပြီးထိုအရာကဘေးလူတွေကိုပါလန့်ဖြတ်စေပါသည်။

ဂျယ်မင်းရဲ့မျက်နှာမှာမျက်မှန်တစ်လက်ကရှိနေပြီးလက်တစ်ဖက်က ဘောပင်ကိုင်ထားရင်းနောက်လက်တစ်ဖက်ကတော့စာရင်းမှတ်နေတဲ့စာရွက်ဘုတ်ကိုကိုင်ထားတယ်။

ဂျယ်မင်းကသူ့လက်ထဲကစာရွက်ဘုတ်ကိုတစ်ဖက်လူရဲ့လက်ထဲကိုထိုးထည့်လိုက်ရင်း သူ့ရဲ့တခြားလက်မှာတော့ဘောပင်ကိုဆွဲဆွဲမြဲမြဲတင်းတင်းကြပ်ကြပ်ကိုင်ထားတုန်းပင်။

ဂျယ်မင်းကချက်ချင်းပဲသူ့ခြေလှမ်းတွေကိုမြန်ဆန်လိုက်ကာရုပ်ထုတွေ၊ စာပေလွှာတွေပြည့်နေတဲ့အခန်းထဲကနေထွက်သွားလိုက်တယ်။

သူ့ခြေလှမ်ေးတွကတော့အပေါက်ဝကိုဦးတည်လို့။ ဂျယ်မင်းကဓာတ်လှေကားခေါ်လိုက်ပေမယ့်လည်းသူနဲ့အဝေးဆုံးအပေါ်ဆုံးထပ်ကို ရောက်ရှိနေတာကြောင့်စိတ်မရှည်တဲ့ဂျယ်မင်းအတွက်တော့နောက်ထပ်စိတ်တိုစရာ။

ဂျယ်မင်းကဒါကြောင့်သူကဓာတ်လှေကားအစားဘေးနားမှာရှိတဲ့လှေကားကို ရွေးခြယ်လိုက်ပြီးတော့ချက်ချင်းပဲအောက်ကိုပြေးဆင်းသွားရင်းမြေညီထပ်ကိုရောက်လာခဲ့တယ်။

"စီနီယာ!! စီနီယာ"

ဂျယ်မင်းရဲ့လက်မောင်းကိုဆွဲကိုင်လာတဲ့ယူဂျင်းဟူသောဂျူနီယာကောင်လေး။ ဂျယ်မင်းကချက်ချင်းပဲထိုကောင်လေးကိုပြန်ကြည့်လိုက်ရင်း

"စိတ်ထိန်းပါဦး သည်းခံရမယ်လေ စီနီယာ"

"ယူဂျင်း မင်းအမြင်မှာအခုအခြေအနေကမင်းရဲ့ချစ်လှစွာသောစီနီယာလေးသည်းခံနိုင်မယ့်အခြေအနေထင်နေလား?"

ဂျယ်မင်းကပြုံးပြီးပြောလိုက်ရင်းပဲတစ်ချိန်တည်းမှာဂျယ်မင်းရဲ့လက်ကို ခါချပစ်လိုက်ရင်းပဲယူဂျင်းရဲ့လက်ကိုဖယ်လိုက်ကာရှေ့ကိုဆက်လျှောက်ခဲ့တယ်။

ဂျယ်မင်းကခြေလှမ်းကိုမြန်မြန်ပဲဆက်လျှောက်ကာ 'စာရင်းရုံးခန်း' ဟုနာမည်ရေးထိုးထားသောအခန်းရဲ့ တံခါးကိုဆွဲဖွင့်လိုက်တော့ခုံပေါ်မှာသူတို့အိမ်လိုထိုင်နေတဲ့ကောင်တွေ။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now