Part - (5)

690 82 0
                                    

"ငါကကာကွယ်ပေးမယ်"

"ဟမ်?"

"ဒီနေ့ကစပြီးငါကမင်းကိုကာကွယ်ပေးမယ်လို့"

"..."

ဂျယ်မင်းကဘာစကားမှမပြောနိုင်တော့ပဲအံ့ဩစွာဂျယ်နိုကိုကြည့်နေပြီး ဂျယ်နိုကလဲဂျယ်မင်းရဲ့မျက်ရည်စလေးတွေနဲ့လရောင်အောက်မှာတောက်ပနေတဲ့မျက်လုံးကိုစိုက်ကြည့်နေပါသည်။

သိပ်မကြာခင်မှာပဲဂျယ်မင်းကမျက်လုံးလွှဲလိုက်ပြီးတော့သူ့ရဲ့ပန်းချီကားကိုအဆုံးသတ်ရန်အရောင်ညှိသည့်လုပ်ငန်းကိုပြန်စလိုက်ပါသည်။

"ကျနော်အဲ့လိုစကားတွေကိုမယုံဘူး"

"မင်းယုံတာမယုံတာကမင်းကိစ္စလေ။ ငါကတော့မင်းကိုကတိပေးတယ်"

"ကတိ...ကတိမပေးပါနဲ့"

ဂျယ်မင်းကဂျယ်နိုကိုပြန်ကြည့်ကာပြောလာပါ၏။

"တကယ်လို့မတည်နိုင်ခဲ့ရင်အဲ့ကတိဆိုတာကြီးကမျှော်လင့်ချက်တစ်ခုလိုဖြစ်တတ်တယ်မလား"

"ငါကတိပေးပြီးရင်တစ်ခါမှမဖျက်ခဲ့ဖူးဘူး"

"ဒါပေမယ့်လဲမပေးပါနဲ့"

ဂျယ်မင်းကဂျယ်နိုကိုတစ်ခါလေးတောင်အရှုံးမခံပဲပြန်ပြောလာတော့ ဂျယ်နိုကထိုကောင်လေးကိုသေချာကြည့်လိုက်မိတော့မှအနည်းငယ်တွေဝေမှုတို့ရှိနေသောမျက်ဝန်းတစ်စုံ။

"မင်းသဘောမကျလဲမတတ်နိုင်ဘူး။ ငါမင်းကိုကတိပေးတယ်။ မင်းကိုကာကွယ်ပေးမယ်"

ဂျယ်မင်းရဲ့တွေဝေနေတဲ့မျက်လုံးတွေကအနည်းငယ်ဝမ်းနည်းတဲ့ဘက်ကိုပြောင်းသွားသလို။ ဂျယ်နိုကလဲထိုမျက်နှာလေးကိုစိုက်ကြည့်ကာအရိပ်အခြေတစ်ချက်ပင်မပျက်ပဲ သူဘယ်လိုခံစားနေရတယ်ဆိုတာကိုအကဲခတ်နေပါ၏။

ဂျယ်မင်းကတစ်ခုခုကိုပြောချင်နေတဲ့ပုံပေါက်ပေမယ့်သူမပြောပဲနဲ့ပြန်ငြိမ်သွားကာ ပန်းချီကားကိုသာဆက်အာရုံစိုက်ကာအရောင်ညှိနေပါလေတော့သည်။

ဂျယ်နိုကလဲကောင်းကင်ပေါ်ကလကိုကြည့်လိုက်ပါသည်။ လပြည့်နေ့မလို့ထင်ပါသည်။ အလင်းရောင်ကောင်းကောင်းပေးနေတဲ့လမင်းကြီးကကောင်းကင်ပေါ်မှာသူတို့ကိုငုံ့ကြည့်နေသလို။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now