Part - (56)

388 56 6
                                    

"မောင်~"

"ဗျာ"

"ကိုယ်တို့ခရီးထွက်ရအောင်"

"ကိုကိုကဘယ်သွားချင်လို့လဲ"

"အမ်....ပင်လယ်?"

ဂျယ်မင်းကအနည်းငယ်စဉ်းစားပြီးတွေဝေနေပြီးတော့မှပြောလာတဲ့အခါ ဂျယ်နိုကဂျယ်မင်းရဲ့မျက်နှာလေးကိုမျက်တောင်တစ်ချက်ပင်မခတ်ဘဲသေချာကြည့်နေခဲ့ပါသည်။

မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေနဲ့ပြည့်ဝနေတဲ့မျက်နှာလှလှလေးဟာ သူ့အပိုင်ဖြစ်နေတာတော်ပါသေးသည်။ ဘယ်ဘဝကကုသိုလ်တွေကြောင့်ကိုကို့ ကိုအပိုင်ရခဲ့တာပါလဲ။

"ကျနော်အလုပ်များတယ် ကိုကိုရဲ့"

ဂျယ်နိုကဂျယ်မင်းရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးအပေါ်မယိုင်ကျသွားစေရန် အမြန်စိတ်ထိန်းလိုက်ရင်းပဲအလုပ်များနေသလိုဟန်ဆောင်ပြီးဂျယ်မင်းကိုစလိုက်ပါ၏။

"မောင်ကလဲ တူတူသွားမယ်လေလို့ နော်~"

"ခရီးသွားရင်ကျနော့်အလုပ်တွေကိုဘယ်သူလုပ်ပေးမှာလဲကိုကိုရဲ့"

"မောင်ကလဲကွာ။ ကိုယ်တောင်ကိုယ့်အလုပ်တွေအကုန်ပစ်ခဲ့တာပဲကို"

"ကျနော်ကကိုကို့ ကိုရှာကျွေးရမယ့်လူလေဗျာ။ အလုပ်လုပ်ရမှာပေါ့"

ဂျယ်နိုကမသိမသာဖြင့်သူ့ဘေးနှားမှာထိုင်တာလဲမဟုတ်၊ ဆိုဖာရဲ့နောက်မှီပေါ်တက်ထိုင်ရင်းဂျယ်နိုကိုချွဲကာပြောနေတဲ့ဂျယ်မင်းကိုခိုးကြည့်နေမိပါသည်။

တဖြည်းဖြည်းချွဲရင်ချွဲရင်းနဲ့ပဲအောက်ကိုလျှောကျာလာကာဆိုဖာရဲ့နောက်မှီကနေ ဆိုဖာပေါ်သေသေချာချာရောက်လာရင်းပဲကပ်ကာချွဲနေသည်လေ။

ဒါပေမယ့်ဂျယ်နိုကစနေတာကိုမသိတဲ့သူ့ကိုကိုကတော့တဖြည်းဖြည်းနဲ့ စိတ်တိုလာတာကိုဂျယ်နိုကမြင်တွေ့နေရပေမယ့်လည်းစတာကိုမရပ်လိုက်ချင်။ နောက်ဆုံးမှာတော့ဂျယ်နိုကထအော်လိုက်လေတော့သည်။

"လီဂျယ်နို!"

ခါတိုင်းလို 'ဗျာ ဗျ' ဆိုတဲ့စကားထွက်လာပြီးသူ့စကားအတိုင်းလိုက်လျောပေးမယ်လို့ ဂျယ်မင်းကထင်ထားခဲ့ပေမယ့်လည်းသူတွေးခဲ့တာကလုံးဝအမှားပင်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now