Part - (55)

370 59 10
                                    

"ငါကမောင်နဲ့တူတဲ့သားလေးတစ်ယောက်လိုချင်တာ"

"သားတော့မလိုချင်ပါဘူး။ မွေးလာတဲ့သားကကျနော့်ကိုကို့ ကိုလိုက်လုနေရင်ဘယ်လိုလုပ်မလဲဗျ"

ဂျယ်နိုရဲ့ပြောစကားမှာဂျယ်မင်းကသဘောကျစွာရယ်လိုက်ရင်း ဂျယ်နိုရဲ့ခေါင်းလေးကိုခွေးပေါက်လေးတစ်ကောင်ရဲ့ခေါင်းကိုပွတ်ပေးသလိုမျိုးကိုပွတ်ပေးလိုက်ရင်းပဲ

"ဒီလောက်တောင်သဝန်တိုသလား မောင်ရယ်"

"ကိုကို့ ကိုတစ်ယောက်ထဲပိုင်ချင်တဲ့လောဘကိုသဝန်တိုတာလို့နာမည်တပ်မယ်ဆိုလဲလက်ခံပါတယ်ဗျာ"

စကားတတ်တဲ့ဂျယ်နိုရဲ့စကားမှာဂျယ်မင်းကရယ်ရပြန်သည်။

"ကဗျာဆရာလုပ်မနေနဲ့"

"ဟောဗျာ။ ကိုကိုကဘာလဲ ကျနော့်ရဲ့အချစ်တွေဖော်ပြနိုင်မှုကိုမနာလိုတာလား။ ကိုကို့ ကိုပြောပါတယ်။ ကျနော်ကသာကိုကို့ ကိုအချစ်ဆုံးပါဆို"

ဂျယ်နိုရဲ့စကားမှာဂျယ်မင်းကတော့ရယ်ပဲရယ်လိုက်ရင်းဂျယ်နိုရဲ့ခါးကို တင်းကြပ်စွာဖက်လိုက်ရင်းဂျယ်နိုကပြန်ဖက်ပေးလာတဲ့နွေးထွေးမှုတွေကိုခံစားလိုက်ပါ၏။

ဂျယ်နိုရဲ့ခါးကိုဖက်ရတာကဂျယ်မင်းရံ့အကြိုက်ဆုံးအရာတစ်ခုလိုပြောလို့ရသည်။ ဖက်ထားတဲ့အချိန်တိုင်းမှာဂျယ်နိုကသူ့ကိုလုံခြုံမှုကိုပေးနိုင်သည်။

ဂျယ်မင်းရဲ့မျက်နှာကပြုံးရွှင်နေခဲ့ပြီးတော့အချိန်တွေကဒီနေရာမှာပဲရပ်တန့်နေဖို့ပဲဆုတောင်းနေမိတယ်။ ဒီထက်ပိုပြီးအချိန်တွေကဆက်မသွားတော့ရင်ကောင်းမယ်။

ဒါပေမယ့်ဂျယ်မင်းရဲ့မျက်နှာမှာမျက်ရည်တွေကစီးကျနေခဲ့ပါသည်။ ဂျယ်မင်းကစာရွက်တစ်ရွက်ပေါ်မှာသူကိုင်နေကြဘောပင်လေးတစ်ချောင်းနဲ့သေချာရေးနေခဲ့ပြီးမျက်နှာပေါ်မှာောတ့အပြုံးတွေရှိနေတုန်းပဲ။

သူကထိုစာလေးကိုရေးပြီးတော့သေသေချာချာလေးခေါက်လိုက်တော့ စာကတော်တော်ရှည်ရှည်ကိုရေးထားတာကြောင့်စာရွက်ကလဲကြီးနေသည်လေ။

ထို့ကြောင့်ဂျယ်နိုကသေချာပေါက်ကိုသတိထားမိမှာဖြစ်သည်။ ဂျယ်မင်းကဂျယ်နိုမနက်ကြရင်ဝတ်မယ့်ဘောင်းဘီထဲထည့်လိုက်ပြီးတော့အထဲဝင်လာတဲ့ဂျယ်နိုကိုကြည့်လိုက်တယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now