ဂျယ်မင်းကသူ့အပေါ်ကစူးရှနေတဲ့အလင်းရောင်နဲ့အတူတူနိုးထလာခဲ့တယ်။ ဂျယ်မင်းကမျက်လုံးတွေမှိတ်ထားနေမိပြီးသူ့ခါးကအနာကတစ်ဆစ်ဆစ်ကိုက်ခဲနေခဲ့တယ်။
ဂျယ်မင်းကသူ့ရဲ့အားမရှိတဲ့လက်ကိုမြှောက်ဖို့လုပ်လိုက်ပေမယ့်လည်းသူ့လက်ကမြှောက်လို့မရခဲ့။ ဂျယ်မင်းကညာဘက်လက်ကိုမ မရ၍ဘယ်ဘက်လက်ကို မကြည့်လိုက်ကာ
ဂျယ်မင်းကသူ့ဘယ်ဘက်လက်ကိုမျက်လုံးပေါ်တင်ရင်းအလင်းကာလိုက်တယ်။ ဒါမှပဲဂျယ်မင်းကမျက်လုံးဖွင့်လို့ရပါတော့သည်။ ဒါတောင်အလင်းစူးနေတုန်းပင်။
ဂျယ်မင်းကထိုအတိုင်းပဲခဏကြာအောင်သူ့ရဲ့မျက်စိကိုအလင်းရောင်နဲ့အသားကျတဲ့အထိ နေပြီးတော့မှဂျယ်မင်းကအားမရှိတဲ့လက်ကိုပြန်ချလိုက်ပြီးဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ၏။
ဂျယ်မင်းရဲ့မျက်နှာကျက်ကဖြူဖွေးနေကာမျက်နှာကျက်ပေါ်ကအဖြူရောင်မီးလုံးက ပိုပြီးတော့အခန်းတစ်ခုလုံးကိုလင်းထိန်နေစေတယ်။
ဂျယ်မင်းကခေါင်းကိုစောင်းကာဘေးကိုကြည့်လိုက်တော့လွတ်နေသောကုတင်ကိုမတွေ့ရ။ သူ့ဘေးနားမှာကုတင်လေးလုံးလောက်ရှိပြီးတစ်ယောက်ချင်းဆီကလူသေတစ်ယောက်လိုငြိမ်သက်နေသည်လေ။
ဂျယ်မင်းကချက်ချင်းဝေဝါးနေတဲ့အမြင်အာရုံတွေကြောင့်အာရုံစိုက်ကာ ဘေးတည့်တည့်ကလူကိုကြည့်လိုက်တော့ဂျယ်မင်းရဲ့ခန္ဒာကိုယ်ကချက်ချင်းတုန်လှုပ်သွားရတော့သည်။
သူ့ဘေးနားကလူသည်မျက်နှာတစ်ခုလုံးမီးလောင်ရာတွေနဲ့ပြည့်နေသောကြောင့် နီရဲနေပြီးသူ့ရဲ့အင်္ကျီတွေကစုတ်ပြဲနေတယ်။ မျက်လုံးကိုကြည့်လိုက်တော့ပွင့်လျက်သား။
ဒါပေမယ့်မျက်တောင်လဲခတ်မနေသလိုလှုပ်လဲလှုပ်မနေခဲ့။ ဂျယ်မင်းကသေချာအောင်ကြည့်လိုက်တော့မှုရင်ဘက်နဲ့ဗိုက်ဟာလှုပ်ရှားမနေခဲ့။
ဒါဆိုဂျယ်မင်းဟာသေချာသွားခဲ့ပြီ။ သူ့ဘေးကုတင်ကလူက...သေနေပြီ...။ ဂျယ်မင်းကချက်ချင်းပဲဘေးဘက်ခြမ်းကကုတင်တွေကိုပါပြန်စဉ်းစားမိတော့စတင်ကြောက်လန့်လာရပြီ။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...