"ကိုယ်တောင်းပန်ပါတယ်"
ဂျယ်မင်းရဲ့စကားတွေကအမှန်တော့ဖြတ်ချခံလိုက်ရတယ်ဆိုတာထက် သူကိုယ်တိုင်ကိုကဆက်မပြောနိုင်တာဆိုပိုမှန်လိမ့်မည်ထင်သည်။
ဂျယ်နိုကဂျယ်မင်းကိုနူးညံ့စွာဖက်ထားပြီးဂျယ်မင်းရဲ့မျက်နှာကဂျယ်နိုရဲ့ရင်ခွင်ထဲမှာနစ်မြုပ်နေတယ်။ အမြဲကြမ်းကြမ်းတမ်းတမ်းနဲ့စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ဂျယ်နိုက ဒီတစ်ခါတော့ထူးဆန်းစွာဖွဖွလေးသာဖက်ထားပါ၏။
အေးစက်နေတဲ့ခန္ဒာကိုယ်ကရုတ်တရက်ကြီးနွေးထွေးမှုကိုခံစားလိုက်ရတာကြောင့် ဂျယ်မင်းဒီအတိုင်းလေးသာနွေးထွးမှုကြားထဲနေချင်မိပြီး ဒါကိုတော့သူ့စိတ်ကသဘောမတူ။
"ကိုယ့်အမှားပါ~"
ဂျယ်နိုရဲ့နူးညံ့တဲ့အသံကဂျယ်မင်းကိုဖက်ထားလျက်နဲ့ပဲထပ်ပေါ်ပေါက်လာပြီး ဒီစကားကဂျယ်မင်းကိုကြက်သီးထစေတဲ့အပြင်ဆွံ့အလောက်အောင်ကိုအံ့ဩစေသည်။
"ဟိတ် ခင်ဗျား..."
"ကိုယ်မှားတာမို့နောက်တစ်ခါမပျောက်သွားပါနဲ့~"
ဂျယ်မင်းရဲ့စကားကဂျယ်နိုရဲ့နူးညံ့တဲ့စကားနဲ့ထပ်မံဖြတ်ချခံလိုက်ရကာ ဒီစကားကြောင့်ဂျယ်မင်းဘာမှပြန်မပြောနိုင်ရအောင်ကိုအံ့ဩရပြန်ပါ၏။
အဲ့အစားဂျယ်နိုဲ့ပွေ့ဖက်မှုကပိုတင်းကြပ်လာကာ ဂျယ်မင်းအနေနဲ့နွေးထွေးမှုကိုပိုမိုခစားလာရပါတော့သည်။ ဂျယ်မင်းရဲ့လက်တစ်ဖက်ကအပေါ်ကိုမြောက်လာကာဂျယ်နိုကိုပြန်ဖက်ဖို့လုပ်လိုက်ပါသည်။
'မြောင်'
ဂျယ်မင်းရဲ့လက်ကဂျယ်နိုကိုပြန်မဖက်ပေးခင်မှာပဲကြောင်ငယ်ရဲ့အော်သံကိုကြားလိုက်တာကြောင့် ဂျယ်မင်းကဂျယ်နိုကိုတွန်းထုတ်လိုက်ကာ
"လွှတ်ဦး။ ကြောင်လေးအသက်ရှူကြပ်နေမယ်"
ဂျယ်မင်းနဲ့ဂျယ်နိုကခွါလိုက်ကြပြီးဂျယ်မင်းကသူ့ရဲ့လက်တစ်ဖက်ထဲနဲ့ကိုင်ထားတဲ့ ကြောင်ငယ်လေးကိုလက်နှစ်ဖက်နဲ့သေသေချာချာချီလိုက်ပါသည်။
ထို့နောက်ကြောင်ငယ်ကိုကြည့်လိုက်တော့တော်တော်ကြီးကိုအေးချမ်းနေပုံရသည်။ ထို့ကြောင့်ဂျယ်မင်းကကြောင်ငယ်ရဲ့နှာခေါင်းလေးကိုညှင်သာစွာပွတ်ပေးလိုက်တော့
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...