အစပိုင်း1800ခုနှစ်၏မြို့ကြီး၏ညလယ်ခေါင်တစ်ခု
—————————————————————————ညဘက်မို့မှောင်နေတယ်ထင်ရပေမယ့် လပြည့်ညမှာလင်းလက်စွာသာနေတဲ့လရောင်ကြောင့်မလို့မျက်လုံးအသားကျတဲ့လူအတွက်တော့လင်းနေတဲ့ညတစ်ညပဲ။
တိတ်ဆိတ်ပြီးတော့နည်းနည်းအေးချမ်းနေတဲ့ညမှာမတိုးတတ်သေးတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မှောင်တဲ့နေရာကမှောင်ပြီး လင်းတဲ့နေရာကတော့အနည်းငယ်သာလင်းထိန်နေတယ်။
ဒါပေမယ့်လမ်းမကြီးပေါ်ကကြီးမားလှတဲ့အိမ်အကြီးကြီးကတော့ဘေးတစ်ဖက် နံရံတစ်ချပ်တစ်ရပ်ဆီမှာတောင်မီးတွေတောက်ပနေကာအိမ်ကြီးရဲ့ခမ်းနားထည်ဝါမှုကိုဖော်ပြနေတယ်။
ပြီးတော့ဒီနှစ်ထပ်အိမ်ကြီးရဲ့ခမ်းနားထည်ဝါမှုကိုဖျက်ဆီးလိုက်တဲ့ပြတင်းပေါက်ပေါ်ကနေတွဲလောင်းချထားတဲ့စောင်တွေ၊ အိပ်ယာခင်းနဲ့ အဝတ်အစားတွေကိုတွဲချည်ထားတဲ့ကြိုးပုံစံတစ်ခု။
နှစ်ထပ်အိမ်ကြီးရဲ့အပေါ်ထပ်ကနေတွဲလောင်းချထားတဲ့ကြိုးမလို့ဟိုးအောက်ခြေထိ မရောက်နိုင်ပေမယ့်ခိုင်မာပုံရတဲ့ခြံစည်းရိုးနားထိတော့ရောက်တယ်။
အမြင့်ကနေအောက်ကိုပြုတ်ကျမှာကြောက်နေတဲ့ကြောင်တစ်ကောင်လို ကြိုးကိုဖက်ကာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းဖြည်းဖြည်းချင်းဆင်းနေတဲ့ကောင်လေးကတော့ ပြသာနာတွေဖန်တီးပြီးထွက်ပြေးနေကြလူငယ်လေးပေါ့။
ကြိုးရဲ့အဆုံးနားမရောက်ခါနီးမှာပဲဂျယ်မင်းကခြံစည်းရိုးရဲ့ထိပ်ပိုင်းပေါ်ကိုခုန်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ ဘာလို့ဆိုဒါကသူအိမ်ကထွက်ပြေးနိုင်မယ့်တစ်ခုတည်းသောလမ်း။
'အားး'
ကြိုးကိုရမ်းကာခြံစည်းရိုးအပေါ်ခုန်လိုက်တဲ့အချိန်မှာတော့ကိုယ့်ကိုယ်ကိုတောင်မသိဘဲ ထွက်လိုက်မိတဲ့အော်သံတစ်ခုကဂျယ်မင်းရဲ့ဘဝကိုပျက်ဆီးစေမိတော့မလိုကြောက်ရွံ့သွားမိပါ၏။
ဂျယ်မင်းကခြံစည်းရိုးပေါ်ကိုလုံလုံခြုံခြုံရောက်သွားသော်လည်းသူ့ပါးစပ်သူ အမြန်ပင်သူ့ကိုယ်ပိုင်လက်နဲ့ပင်ပိတ်လိုက်ရပါတော့သည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...