Part - (30)

430 59 1
                                    

ဂျယ်မ်ငးရဲ့နားကိုလာရောက်ပိတ်ပြီးအကြားအာရုံတွေကိုအားနည်းစေတဲ့ နွေးထွေးကြီးမားသောလက်တစ်စုံကြောင့်ဂျယ်မင်းစိတ်သက်သာရာရသွားရသည်။

ဂျယ်မင်းဒီလိုအခြေအနေမှာငိုမိတယ်ဆိုတာကသူသေရမှာကြောက်လို့မဟုတ်ဘဲ အရှေ့မှာထိုလူတွေသေတဲ့အသံတွေ၊ သူ့လူမျိုး သူ့နိုင်ငံသားတွေသတ်ခံရနေရတဲ့အသံတွေ။

ဂျယ်မင်းဒီအသံတွေကိုကြားရတာအမုန်းဆုံးပဲ။ ဂျယ်မင်းရဲ့လက်သီးတွေကလဲတင်းတင်းကြပ်ကြပ်ဆုပ်ထားပြီးတော့ခြေချောင်းလေးတွေကအစကွေးနေသည်။

လက်တစ်စုံကဂျယ်မင်းရဲ့အကြားအာရုံကိုအားလျော့စေလားဆိုတာမသိပေမယ့် ဂျယ်မင်းထပ်ပြီးမကြားရတော့ပါ။ နီးကပ်နေတဲ့လူတွေရဲ့ပြေးသံတွေ၊အော်သံတွေ သေနတ်သံတွေဟာပျောက်ကွယ်သွားလေပြီ။

ဂျယ်မင်းကသူ့ရဲ့မျက်လုံးတွေကိုဖြည်းညှင်းစွာဖွင့်လိုက်ပါ၏။ ဂျယ်မင်းတွေ့လိုက်ရတာကအမှောင်ထဲကမျက်မှန်တပ်ထားသောလူမျက်နှာတစ်ခု။

ထိုမျက််နှာကဂျယ်မင်းနဲ့အတော်ကိုနီးကပ်နေကာမျက်ခုံးတန််းတန််းထူထူတွေက တွန့်ချိုးနေသည််။ စိုးရိမ်နေသလိုလို စိတ်ပျက်နေသလိုလို။

ဂျယ်မင်းရဲ့နားပေါ်ကလက်နှစ်စုံကဂျယ်မင်းကိုခွါလိုက်တယ်။ ဂျယ်မင်းနဲ့ဂျယ်နိုနဲ့ကအတန်ကြာတစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်နေခဲ့ကြတယ်။

ဒါပေမယ့်ရုတ်တရက်ကြီးအောင့်ကာဆစ်ခနဲနာတက်လာတဲ့သူ့ခါးကြောင့် ဂျယ်မင်းကချက်ချင်းအကြည့်လွှဲလိုက်မိပြီး 'အာ့' ခနဲအသံတစ်ချက်ထွက်ကာသူ့ခါးသူပြန်ဆုပ်ကိုင်လိုက်မိပါ၏။

သတိထားမိသွားပုံရတဲ့သူ့ရှေ့ကလူကချက်ချင်းပဲအနာကိုအုပ်ထားတဲ့ ဂျယ်မင်းရဲ့လက်ကိုအမြန်ဆွဲဖမ်းလိုက်တာကြောင့်ဂျယ််မင်းရဲ့အနာကနာကျင်လျက်ရှိသည်။

"ကျစ် ထိထားတာလား"

တစ်ဖက်လူကချက်ချင်းပဲဂျယ်မင်းရဲ့လက်ကိုဆွဲကာတစ်နေရာရာမှာထိုင်စေပြီး သူကတော့ချက်ချင်းထထွက်သွားပါတော့သည်။ အတန်ငယ်ကြာမှဆေးဘူးတစ်ဘူးနှင့်ရောက်ရှိလာသောထိုလူ။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now