Part - (8)

607 67 0
                                    

ဂျယ်မင်းခေါင်းကကိုက်ခဲနာကျင်မှုနဲ့နိုးထလာပြီးတော့သူ့ရဲ့ခြေထောက်တွေနဲ့ လက်တွေကလဲနာကျင်ကိုက်ခဲလျက်ရှိသည်။ စူးရှတဲ့အလင်းရောင်ကမျက်လုံးတည့်တည့်ကိုရောက်လာတာကြောင့်ဂျယ်မင်းကမျက်မှောင်ကြုံ့လိုက်မိတယ်။

ဂျယ်မင်းကသူ့ရဲ့လေးလံပြီးနာကျင်ကိုက်ခဲနေတဲ့လက်ကိုအားတင်းကာမလိုက်ပြီး သူ့ရဲ့တင်းကြပ်စွာမှိတ်ထားတဲ့မျက်လုံးကိုပွတ်လိုက်ပါ၏။

အနည်းငယ်သက်သာလာတဲ့မျက်လုံးတွေကိုဂျယ်မင်းကဖွင့်ကြည့်လိုက်တော့ သူတောအုပ်ထဲမှာပဲရှိနေသေးသည်။ ဂျယ်မင်းကချက်ချင်းပဲလူဖြူတွေကိုသတိရလိုက်ပါသည်။

ဂျယ်မင်းကချက်ချင်းပဲသူ့ခြေထောက်တွေလက်တွေနဲ့ကြမ်းပြင်ကိုထောက် သစ်ပင်နဲ့မြေကြီးကိုအားယူပြီးထလိုက်တယ်။ ပြီးတော့သူ့ဘာသာသူသိလိုက်တဲ့အချက်နှစ်ချက်ရှိတယ်။

ပထမအချက်ကသူ့ရဲ့ခြေထောက်တွေ၊ လက်တွေကနာကျင်ကိုက်ခဲပြီးတော့ လမ်းဆက်လျှောက်ဖို့နေနေသာသာလှုပ်တောင်မလှုပ်ချင်ဘူး။

ဒုတိယအချက်ကသူ့ရဲ့...ဖိနပ်ကပျောက်ဆုံးသွားပြီ...။ ဂျယ်မင်းရဲ့ဖိနပ်ကသေချာပေါက်မနေ့ညကခြေထောက်မှာရှိနေခဲ့တာကို မနက်ရောက်တော့ဖိနပ်ကခြေထောက်မှာမရှိတော့ဘူး။

ဒါမှမဟုတ်ညကတည်းကသူ့ခြေထောက်မှာဖိနပ်ကမရှိနေခဲ့တာများလား? သူပြေးနေရင်းနဲ့ကျွတ်ခဲ့တာလား? ဒါမှမဟုတ်ညကအိပ်နေတုန်းအကောင်တစ်ကောင်ကောင်ကဆွဲသွားတာလား?

ဂျယ်မင်းကအများကြီးစဉ်းစားနေမယ့်အစားသူ့ရဲ့လေးလံနေတဲ့ခြေထောက်တွေကို အမြန်လှုပ်ရှားလိုက်ပြီးတော့ခြေဦးတည့်ရာကိုထွက်ပြေးဖို့ဆက်ပြင်လိုက်တယ်။

သူဒီတောအုပ်ထဲကတော့မဖြစ်မနေထွက်မှဖြစ်မယ်။ ဒီညပါသူတောအုပ်ထဲမှာဆက်နေရင်သေချာတယ်။ သူ့ကိုလူဖြူတွေမဖမ်းခင်မှာပဲဗိုက်ဆာပြီးသေသွားလိမ့်မယ်။

ဂျယ်မင်းကခြေဦးတည့်ရာကိုပဲဆက်သွားနေခဲ့ကာအချိန်တွေကဘယ်ကနေဘယ်လိုကုန်သွားမှန်းတောင်မသိခဲ့။ လင်းထိန်နေတဲ့နေမင်းကြီးကအောက်ကိုတဖြည်းဖြည်းရောက်ပြီးစမှောင်လာတယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now