'အာ့'
ဂျယ်နိုလက်မောင်းကအင်္ကျီစကစတင်ပြဲသွားပြီးသွေးအချို့ကစတင်ထွက်လာပါတော့သည်။ သွေးပေသွားတာနဲ့အမျှဂျယ်မင်းကနဲနဲလှုပ်လှုပ်ရှားရှားဖြစ်လာတာကိုဂျယ်နိုကသတိထားမိလိုက်ကာ
"ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်"
ဂျယ်နိုရဲ့အသံကနူးညံ့စွာထွက်လာပြီးတော့သူကသူ့ရဲ့လက်ကိုနောက်ပို့လိုက်ကာ အနောက်ကဂျယ်မင်းရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပေးခြင်းဖြင့် ဂျယ်မင်းကိုလုံခြုံမှုများခံစားစေပါ၏။
"ကိုယ်ကကာကွယ်ပေးမယ်"
ဂျယ်နိုရဲ့စကားအပြီးမှာပဲဂျယ်နိုကတန်းပြီးတော့ဂျယ်မင်းကိုဆွဲကာအမြန်ပင် ရေမရှိရာကုန်းမြေပေါ်သို့ပြေးလိုက်ပါ၏။ ဂျယ်မင်းကလဲတစ်ပြိုင်နက်ပင်တစ်ချက်လေးတောင်တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်ပါလာကာသူတို့ကုန်းမြေပေါ်ကိုလုံလုံခြုံခြုံသာရောက်ရှိသွားပါတော့သည်။
ဂျယ်နိုစိတ်အေးသွားရပါတော့သည်။ ဂျယ်မင်းရဲ့တည်ငြိမ်မှုဆိုတာဒါပင်ဖြစ်သည်။ 'ပြေးမယ်' ဟုပြောပြနေစရာပင်မလ်ိုပဲသူ့နောက်လိုက်ပြေးနိုင်သည်။
ဂျယ်နိုမသထဲကဆုံးဖြတ်ပြီးသားဆိုပေမယ့်လည်းသူဒီကောင်လေးကိုမဖြစ်မနေလက်ထပ်ထိမ်းမြှားမည်ဖြစ်သည်။ ပြောင်းလဲစရာမရှိသောအတွေး။
သူတို့ကကုန်းမြေပေါ်ရောက်ရောက်ချင်းမှာပဲမြှားများကဆက်တိုက်ဝင်လာကာ ဒီတစ်ခါတော့သုံးလေးချောင်းတစ်ပြိုင်နက်ဝင်လာခြင်းပင်ဖြစ်တော့သည်။
ဂျယ်နိုကမြှားများကိုကာကွယ်နေပါကပြီးဆုံးနိုင်ခြင်းမရှိသောအရာတစ်ခုပင်ဖြစ်မည်မို့
"ကိုယ်တို့ဆက်မရှောင်တော့ဘူး ပြေးကြမယ်"
ဂျယ်နိုရဲ့စကားအပြီးမှာပဲဂျယ်မင်းနဲ့ဂျယ်နိုတို့ကစတင်ပြေးကြရပါလေတော့သည်။ မြှားတွေကသူတို့နောက်ကိုလိုက်နေပေမယ်ါသိပ်မကြာခင်မှာပဲမြှားတွေလဲမလိုက်နိုင်တော့။
သူတို့လုံခြုံပြီလားဆိုတော့လဲမဟုတ်သေး။ ထို့ကြောင့်ဂျယ်နိုကဆက်ပြေးနေခဲ့သည်။ မရပ်မနား။ ဂျယ်မင်းရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ကိုင်ကာ။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...