"ငါတို့လက်ထပ်ရအောင်"
ဂျယ်မင်းရဲ့စကားကြောင့်ဂျယ်နိုရဲ့လက်တ္ပေကဂျယ်မင်းရဲ့လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိထားရင်းပဲဂျယ်မင်းကိုစိုက်ကြည့်နေခဲ့တယ်။
ဒါပေမယ့်သိပ်မကြာခင်မှာပဲဂျယ်နိုကဂျယ်မင်းရဲ့လက်ကိုဆွဲလိုက်ကာ သူ့ပြိုင်ကားလေးရပ်ထားတဲ့နားကိုအတင်းဆွဲခေါ်ပါတော့သည်။
ထို့နောက်ဂျယ်မင်းကိုဝင်ထိုင်ရန်တံခါးဖွင့်ပေးကာဝင်ထိုင်စေပြီးနောက်မှာတော့ ဂျယ်နိုကလည်းကားမောင်းတဲ့နေရာမှာဝင်ထိုင်လိုက်သည်။
ထိူ့နောက်သူကအနည်းငယ်ကြောင်နေတဲ့ဂျယ်မင်းကိုလှည့်ကြည့်လိုက်ရင်းပဲ ဂျယ်မင်းရဲ့ကိုယ်လုံးကိုကျော်လိုက်ရင်းပဲခါးပတ်ပတ်ပေးဖို့လက်လှမ်းလိုက်ပါ၏။
ဂျယ်မင်းကဂျယ်နိုရဲ့နီးကပ်လာတဲ့ခန္ဒာကိုယ်ကြီးကြောင့်သူမှီထိုင်ထားတဲ့ ကားနောက်မှီအထဲထဲကိုတိုးဝင်လိုက်မိပြီးဂျယ်နိုကထိုအရာကိုသတိထားလိုက်မိကာ ဂျယ်မင်းရဲ့မျက်နှာလေးကိုလိုက်ကြည့်လိုက်ပါ၏။
ဂျယ်မင်းနဲ့ဂျယ်နိုရဲ့မျက်နှာကအရမ်းကိုနီးကပ်နေပြီးဂျယ်နိုရဲ့လက်တစ်နှစ်ဖက်လုံးက ဂျယ်မင်းရဲ့ဘေးတစ်ဖက်တစ်ချပ်ဆီမှာတည်ရှိနေတယ်။
ဂျယ်နိုရဲ့မျက်နှာကဂျယ်မင်းရဲ့မျက်နှာနားကိုတဖြည်းဖြည်းကပ်လာပြီးတော့ ဂျယ်မင်းရဲ့နှုတ်ခမ်းတွေပေါ်ကိုဂျယ်နိုရဲ့အကြည့်တွေကတိတိကျကျရောက်နေခဲ့သည်။
ဂျယ်မင်းရဲ့မျက်လုံးတွေကကသူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ အလိုလိုမှိတ်လိုက်မိပြီးသူ့နှုတ်ခမ်းပေါ်ကိုမကြာခင်ရောက်လာမယ့်နွေးထွေးသော အခြားနှုတ်ခမ်းတစ်စုံကိုစောင့်ဆိုင်းနေမိတယ်။
ဒါပေမယ့်ဂျယ်နိုရဲ့နွေးထွေးတဲ့နှုတ်ခမ်းတွေဟာဂျယ်မင်းရဲ့နှုတ်ခမ်းပေါ်ကို ထပ်တူကိစွာမကျရောက်လာခဲ့။ ထိုအစားဂျယ်မင်းရဲ့နှဖူးကိုအသာလေးထိသွားတော့သည်။
ဂျယ်နိုရဲ့နှုတ်ခမ်းတွေကနွေးထွေးနေကာ ဂျယ်မင်းရဲ့နူးညံ့တဲ့ဆံနွယ်လေးတွေအနည်းငယ်အုပ်နေတဲ့ နှဖူးလေးကိုကြာမြင့်စွာထိကပ်ထားမိသည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...