Part - (57)

410 50 4
                                    

"မောင်! မောင်~"

"ဗျာ ဗျ"

အထုပ်တွေကိုနေရာသေချာချကာအလုပ်လုပ်နေတဲ့ဂျယ်နိုကိုအိပ်ယာပေါ်မှာ လှဲအိပ်နေတဲ့ဂျယ်မင်းကမေးလာတဲ့အခါမှာဂျယ်နိုကလည်းအလိုက်သင့်ပြန်ဖြေပေးလိုက်ပါသည်။

"မောင်ကဘာလို့ကိုယ့်ကိုယ်ကို ကျနော် လို့ပြောတာလဲဟင်"

"အကျင့်ပါနေလို့ပေါ့ ကိုကိုရဲ့"

"မဟုတ်ဘူးလေ။ ကိုယ်တောင် 'ငါ' ဆိုတဲ့နာမ်စားကနေ 'ကိုယ်' လို့ပြောင်းသုံးသေးတာပဲ။ မောင်လဲပြောင်းရမှာပေါ့"

ဂျယ်နိုကအထုပ်တွေကိုနေရာချတာပြီးပြီဖြစ်တာကြောင့်ဂျယ်နိုကလှဲအိပ်နေတဲ့ဂျယ်မင်းရဲ့ အနားကိုသွားလိုက်ကာကုတင်ပေါ်မှာအတူတူထိုင်ချလိုက်ပါ၏။ ထို့နောက်ဂျယ်မင်းဝတ်ထားတဲ့ခြေအိတ်တွေကိုချွတ်ပေးလိုက်ရင်းပဲပြန်ဖြေလိုက်ပါသည်။

"ကိုကိုကဘယ်လိုပြောင်းစေချင်လဲ"

" မောင် လို့သုံးကြည့်ပါလား?"

"မောင်?"

"အင်း"

"အင်း ကဘာကြီးလဲ"

ခပ်ညစ်ညစ်နဲ့မေးလာတဲ့ကိုကို့ကြောင့်ဂျယ်နိုကအသဲယားစွာတစ်ချက်ရယ်လိုက်ရင်းပဲ ဂျယ်မင်းကိုလှမ်းကြည့်လိုက်ပြီးသေသေချာချာပြန်ဖြေလိုက်ပါတော့သည်။

"ကိုကို့သဘောအလိုကျပါလို့ပြောချင်တာပါဗျာ"

ထိုစကားကိုကြားမှဂျယ်မင်းရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတွေကပြေကျသွားကာ အိပ်နေရာမှချက်ချင်းပြန်ထလာရင်းသူ့ခြေရင်းမှာထိုင်နေတဲ့ဂျယ်နိုရဲ့ခေါင်းလေးကိုပွတ်လိုက်ကာ

"လိမ္မာတယ် ခွေးပေါက်လေး~"

သူတို့နှစ်ယောက်ရဲ့မျက်နှာမှာအပြုံးတွေကတောက်လျှောက်ပေါ်ပေါက်နေခဲ့ပြီးတော့ သူတို့ကဟိုတယ်မှာညနေပိုင်းထိနားခဲ့ကြပြီးတော့ညပိုင်းလောက်ရောက်မှညစာထွက်စားခဲ့ကြတယ်။

ညစာစားပြီးတဲ့အခါမှာတော့သူတို့ကဟိုတယ်ကိုပဲပြန်ခဲ့ကြတယ်။ ဂျယ်နိုရဲ့လက်တစ်ဖက်ကကားမောင်းနေပြီးတော့သူ့ရဲ့ကျန်လက်တစ်ဖက်ကတော့ထုံးစံအတိုင်းပါပဲ။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now