Part - (42)

394 60 0
                                    

"မစားရင်အနာရှိန်နဲ့မူးလဲသွားလိမ့်မယ်"

"မင်းဂရုစိုက်ရမယ့်ကိစ္စမဟုတ်ဘူး"

"ကိုကို"

"ငါ့ကို ကိုကိုလို့လာမခေါ်နဲ့!"

ဂျယ်နိုကသက်ပြင်းသာချလိုက်မိတော့သည်။ သူ့ကိုထိုးပြီးတစ်ရက်ကျော်ကြာသွားပြီ။ အခုချိန်ထိလုံးဝဘာဆိုဘာမှမစားသလိုစကားအကောင်းတစ်ခွန်းတောင်မပြော။

"ကိုကို"

ဂျယ်နိုကတစ်ဖက်ကစိတ်ကြီးလှသောလူသေးသေးလေးကိုစိတ်အေးအေးဖြစ်စေဖို့ရာ သူ့လက်ထဲကဆန်ပြုတ်ပန်းကန်ကိုခုံပေါ်ချရင်းဂျယ်မင်းရဲ့လက်ကိုအုပ်ကိုင်လိုက်ပါ၏။

ဒါပေမယ့်သူပြန်ရတာကတော့တွန်းထုတ်ခံရခြင်းနဲ့ကျိန်ဆဲသံတစ်ခု။ ဂျယ်နိုကနောက်ဆုံးဘာမှမလုပ်နိုင်တဲ့အခါမှာတော့ဂျယ်နိုကမတ်တပ်ထရပ်လိုက်တယ်။

ဂျယ်မင်းကတော့အိပ်ယာပေါ်မှာသူ့ခါးအောက်တွင်ခေါင်းအုံးနှစ်လုံးခန့်ခံပြီး ကိုယ်လုံးကိုမတ်ထားကာခြေထောက်များကတော့ကုတင်ပေါ်မှာဆင်းထားလျက်။

ဂျယ်မင်းရဲ့လက်တစ်ဖက်ကသူ့ခါးဘေးကအနာကိုအပေါ်ကနေထွဖွလေးအုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကတော့အိပ်ယာပေါ်မှာချထားတယ်။

"ကိုကိုကျနော့်ကိုစိတ်ဆိုးနေတာသိပေမယ့်ကိုကိုဒီလိုဘာမှမစားဘဲနေနေတော့ဘာထူးမှာလဲ။ ကိုကိုအားလျော့လာမှာကလွဲပြီးကျနော်ကဘာမှမဖြစ်သွားဘူး!"

ဂျယ်နိုရဲ့အသံကနည်းနည်းကျယ်နေပေမယ့်လည်းမာနေခြင်းတော့မဟုတ်။ စိတ်တိုနေတဲ့လေသံလည်းမဟုတ်။ သည်းခံထားတာလဲမဟုတ်။

ဒါပေမယ့်နာကျင်မှုအနည်းတော့ပါဝင်နေသောစကားသံပင်။ ဂျယ်နိုရဲ့လည်ချောင်းတွေကခြောက်နေတယ်။ သူပြောလိုက်ချင်ပေမယ့်မပြောထွက်တဲ့စကားတွေအများသား။

လည်ချောင်းခြောက်နေလို့ပဲပြောမထွက်သည်လား ကြောက်လွန်းလို့ပဲပြောမထွက်သည်လား။ ဂျယ်နိုရဲ့လက်တွေကတုန်နေခဲ့တာကြောင့်လက်သီးဆုပ်ထားလိုက်ရင်း

"မြန်မြန်စားတော့။ ဂျပန်တွေကသိပ်မကြာခင်ကျနော်တို့ကိုလွတ်လပ်ရေးပေးတော့မှာ"

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now