ဖြူစွတ်နေတဲ့ဆေးရုံရဲ့နံရံနဲ့အတူအေးစက်နေတဲ့လေထုကြားထဲမှာ ကြေကွဲစွာငိုရှိုက်သံအချို့နဲ့အတူတူရောက်ယက်ခက်နေစွာခွဲစိတ်ခန်းထဲဝင်ထွက်နေကြတဲ့နာ့စ်တွေ၊ ဆရာဝန်တွေ။
ထိုဆေးရုံခန်းရဲ့ရှေ့မှာတော့သူ့ဆံပင်တွေကိုဆွဲဆုပ်ပြီးကိုင်ထားကာ သူ့ကိုယ်သူအပြစ်ပေးနေမိရင်းသူ့စိတ်သူထိန်းချုပ်ဖို့ကြိုးစားနေခဲ့တယ်။
ဝင်လိုက်ထွက်လိုက်နဲ့မျက်နှာမကောင်းတဲ့ဆရာဝန်တွေရဲ့ပုံစံအရအခြေအနေဆိုးနေမှန်းကိုတော့ ဂျယ်မင်းရိပ်မိပါသည်။ သူလည်းစိတ်တွေကျဉ်းကျပ်လွန်းနေပြီ။
အရင်ဆုံးဂျယ်မင်းကစိတ်ကိုလျှော့လိုက်ပြီးတော့သူလုပ်နိုင်တဲ့ဖြေရှင်းရနည်းကိုစဉ်းစားလိုက်တယ်။ ဂျယ်မင်းကကိုယ့်စိတ်ကိုထိန်းချုပ်ဖို့ရာထိုင်နေရာကထလိုက်ပြီးစဉ်းစားလိုက်တယ်။
နတ်ဆရာမရဲ့စကားတွေ၊ သူတွေ့ခဲ့ရတဲ့အတိတ်အကြောင်းတွေ။ အကုန်ပြန်ကြည့်ရင်အစပိုင်းမှာနှစ်ယောက်လုံးကချစ်မိခဲ့ကြတယ်။
ပြီးသွားရင်တော့နောက်ဆုံးမှာတစ်ယောက်ကသေသွားတာပဲ။ သေသွားပြီးရင်ဇာတ်လမ်းတစ်ပုဒ်ပြီးသွားသလိုမျိုးကိုမြင်ကွင်းတွေကပြီးသွားတယ်။
ဟုတ်တယ်။ ဖြေရှင်းနည်းကဒါပဲ။ တစ်ယောက်သေရင်တစ်ယောက်ကရှင်မယ်။ တစ်ယောက်ကအသက်ရှင်ပြီးပျော်ရွှင်ဖို့ရာနောက်တစ်ယောက်ကအနစ်နာခံရမယ်။
ဂျယ်နိုကသေရင်ဂျယ်မင်းကအသက်ရှင်မှာ။ ဒါဆိုရင်ဂျယ်မင်းကသေသွားရင်ရော...? ဂျယ်မင်းကသာသေသွားရင်ဂျယ်နိုကအသက်ရှင်မှာပေါ့?
ဒါသာတကယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ အင်း။ တကယ်လို့ဒီအတိတ်ဘဝတွေသာအမှန်ဖြစ်ခဲ့ရင်အကုန်တူတူပဲဖြစ်မှာပါ။ အကုန်တူတူပဲ။
ဂျယ်မင်းကခွဲစိတ်ခန်းထဲကထွက်လာတဲ့နာ့စ်ကောင်မလေးတစ်ယောက်ဆီသို့ ချက်ချင်းပဲပြေးသွားကာအခြေအနေကိုမေးလိုက်တော့သူနာပြုမလေးကတော့မအူမလည်။
သူ့ပုံစံကဖြေလို့မရတဲ့ပုံစံ။ ထိုပုံစံကြောင့်ဂျယ်မင်းကတော့နားလည်လိုက်ချေပြီ။ ခွဲခန်းအဲကအခြေအနေကထင်ထားသလောက်တော့အဆင်မပြေနေ။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Roman d'amour"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...