Part - (48)

423 64 4
                                    

တစ်ဖက်လူရဲ့လက်တွေကဂျယ်မင်းရဲ့သေးသွယ်တဲ့ခါးပေါ်မှာရောက်ရှိနေပြီးတော့ ဂျယ်မင်းရဲ့ကိုယ်လုံးလေးကတော့သူ့ပေါင်ပေါ်မှာထိုင်ချနေသည်။

ဂျယ်မင်းရဲ့လက်တစ်ဖက်ကထိုလူရဲ့လည်ပင်းနားမှာပဲဘောပင်တစ်ချောင်းနဲ့ရှိနေဆဲဖြစ်ပြီး ဂျယ်မင်းရဲ့မျက်လုံးတွေပြူးကျယ်နေကာလန့်ဖြတ်ခြင်းကိုဖော်ပြနေသည်။

"မင်း...ယောင်္ကျားလေးမှန်ရဲ့လား"

ဂျယ်မင်းရဲ့နားသယ်စပ်နှင့်လည်ပင်းကြားနားကိုလာရောက်ထိခတ်တဲ့ လေနွေးနွေးနှင့်အတူတူထွက်လာသောထပ်တိုးတိုးစကားသံတစ်ခု။

ဂျယ်မင်းကထိုအသံကြောင့်တစ်ချက်တုန်လှုပ်သွားကာတစ်ကိုယ်လုံးကြက်သီးများတစ်ဖြန်းဖြန်းထလာပါတော့သည်။ ဂျယ်မင်းရဲ့ကိုယ်လုံးလေးတုန်လှုပ်သွားတာကိုသတိထားမိလိုက်တဲ့တစ်ဖက်လူကဂျယ်မင်းရဲ့ခါးကိုပိုပြီးတင်းကြပ်စွာဖက်လိုက်ရင်း

"ဘာတွေတုန်နေတာလဲ?..."

ဂျယ်မင်းရဲ့နားနားကပ်ပြီးနောက်တစ်ခါပြောလိုက်ပြီးထိုလူရဲ့လက်အကြီးကြီးကဂျယ်မင်းရဲ့ မျက်နှာနားကပ်လာကာဂျယ်မင်းရဲ့ကျခါနီးမျက်မှန်လေးကိုအပေါ်ပင့်တင့်ပေးလာပါသည်။

ထိုအခါဂျယ်မင်းကပထမတစ်ခါကလိုတုန်မနေ၊ ကြောင်မနေဘဲနဲ့ထိုလူရဲ့ရင်ဘက်ကိုတွန်းထုတ်လိုက်ပြီးချက်ချင်းထလိုက်ပါတော့သည်။

ဂျယ်မင်းကထပြီးတာနဲ့ခုံပေါ်မှာပေါ့ပေါ့ပါးပါးထိုင်နေတဲ့ထိုလူကပါတူတူထလာပြီး သူ့ကိုစိတ်တိုနေတဲ့အကြည့်နဲ့ကြည့်နေတဲ့ဂျယ်မင်းနဲ့မျက်လုံးချင်းဆုံပြီးကြည့်လိုက်တယ်။

သူတို့နှစ်ယောက်ကအရပ်အရမ်းမကွာနေ။ အရပ်ကတူတူလောက်ဆိုပေမယ့်ဂျယ်မင်းကနည်းနည်းပုနေသော်လည်း ခန္ဒာကိုယ်တည်ဆောက်ပုံကတော့အတော်လေးကိုကွာနေသည်။

ကော်လံပါသောဆွယ်တာအသားရောင်လေးကိုအောက်ကဂျင်းဘောင်းဘီအပွဖြင့် တွဲစပ်ဝတ်ဆင်ထားတဲ့ဂျယ်မင်းကသေးငယ်ပိန်လျားပြီးဗလဆိုတာဘာလဲဟုမေးရမည့်အမျိုး။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now