'ကျစ်...'
သူ့အောက်ကနာကျင်လို့ထွက်လာတဲ့အသံတစ်သံကြောင့်ဂျယ်မင်းကမျက်လုံးဖွင့်လိုက်တော့သူ့အောက်မှာလူတစ်ယောက်ကရှိနေခဲ့သည်။
ထိုလူရဲ့လက်ကဂျယ်မင်းရဲ့ခါးပေါ်မှာရှိနေပြီး သူ့တစ်ကိုယ်လုံးကဂျယ်မင်းအောက်မှာရှိနေတယ်။ ဂျယ်မင်းတို့ရဲ့ခန္ဒာကိုယ်ကတစ်ခုနှင့်တစ်ခုထိစပ်နေသည်။
ဂျယ်မင်းကထိုလူရဲ့မျက်မှောင်ကြုံ့ကာမကျေမနပ်ဖြစ်ပြီး ရုတ်တရက်နာကျင်မှုကြောင့်မျက်လုံးမှိတ်ထားတဲ့လူရဲ့မျက်နှာကိုကြည့်နေမိပါ၏။
'ချောလိုက်တာ' ဆိုတဲ့စကားကတော့ဂျယ်မင်းရဲ့စိတ်ထဲကိုပထမဆုံးရောက်လာတဲ့စကားတစ်ခွန်း။ ဒီလူရဲ့ချောမောမှူကတခြားကမ္ဘာတစ်ခုကိုရောက်နေသလိုပဲ။
ဂျယ်မင်းရဲ့အောက်မှာပိနေတဲ့လူကနောက်ဆုံးမျက်စိပွင့်လာတဲ့ပေမယ့်လည်း ဂျယ်မင်းကတော့ထိုလူဆီကနေအကြည့်များကိုမလွှဲနိုင်သေး။
"မဖယ်ပေးဘူးလား"
မကျေမနပ်နဲ့မျက်မှောင်ကြုံ့ကာပြောလာတဲ့ကြောက်စရာစကားကြောင့် ဂျယ်မင်းလဲချောင်းတစ်ချက်ဟန့်လိုက်ကာထိုလူရဲ့မျက်နှာဘေးနား မြေကြီးပေါ်ကိုလက်ထောက်လိုက်ကာကုန်းထလိုက်ပါ၏။
သူထလိုက်တာနဲ့အမြန်လိုက်ထလာတဲ့အောက်ကလူ။ ဂျယ်မင်းကအခုမှသိလိုက်ရတာကသူ့လက်မှာပွန်းရာတစ်ခု။ ငယ်ငယ်ထဲကပိုးလိုမွေးကာ အပူပင်မခံဖူးသည့်လူမလို့ဒီလိုအရာကဂျယ်မင်းကိုဝမ်းနည်းစေပြီးနာကျင်စေပါ၏။
ရုတ်တရက်ကြီးအိမ်ကထွက်ပြေးတာကိုရပ်ပြီးသူ့အမေဆီပြန်ပြေးသွားချင်တဲ့အထိ။ ဒါပေမယ့်လည်းသူသာအိမ်ပေါ်ကထွက်ပြေးတာအဖေသိရင်သူ့ကိုနားညီးအောင်ကိုဆူလိမ့်မည်ဖြစ်သည်။
ခုနကသူ့အောက်မှာရှိနေတဲ့လူကအပြည့်အဝမတ်တပ်ရပ်လိုက်ပြီဖြစ်ပြီး ဂျယ်မင်းကဒါကိုသတိထားမိတာကြောင့်ခုနကကိစ္စအတွက်ကျေးဇူးတင်စကားပြောရန်ထိုလူရဲ့မျက်နှာကိုကြည့်လိုက်ပါ၏။
ဂျယ်မင်းကခေါင်းမော့လိုက်ပေမယ့်လည်းထိုလူရဲ့မျက်နှာကိုရှာမတွေ့နိုင်။ ဂျယ်မင်းကပုံမှန်အနေအထားထက်နည်းနည်းပိုပြီးမော့လိုက်တော့မှပေါ်လာတဲ့မျက်နှာချောချော။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...