ကံကြမ္မာဆိုတာဆန်းကျယ်လွန်းလို့။ ကံကြမ္မာဆိုတာကိုမယုံတဲ့ဂျယ်နိုတောင်ယုံရတော့မည်ထင်ပါသည်။ သူဘယ်တော့မှထပ်မတွေ့ဖို့ဆုတောင်းခဲ့တဲ့လူဟာသူ့ရှေ့မှာရှိနေလို့။
သူတစ်ခါလေးတောင်မှပြန်မမှတ်မိချင်တော့တဲ့အတိတ်တွေကိုဒီကိုကိုဟာပြန်လည်ယူဆောင်ပေးနေလို့... ချစ်တယ်ဆိုတဲ့စကားတောင်အားတင်းကာပြောရပါတယ် ကိုကိုရယ်။
'ကိုကို့ဘေးမှာနေပေးဖို့လိပ်ပြာမလုံဘူးကိုကိုရဲ့' လို့ပြောလိုက်ချင်ပေမယ့်လည်းချစ်ရတဲ့လူက ကိုယ့်ကိုတစ်သက်လုံးစိတ်နာသွားမှာကိုရူးလောက်အောင်ကြောက်ရပြန်တယ်။
ဒါကြောင့်ကိုကို့ဘေးကနေထွက်သွားဖို့လမ်းကိုရွေးရတာပါပဲ။ ကိုကိုရယ် ကျနော့်ဘက်ကိုနည်းနည်းလေးလှည့်ကြည့်ပေးပါဦး။ ကျနော့်ဘဝကဆုပ်လဲဆူး စားလဲရူးပါဗျာ။
ကိုကို့ဘေးမှာဆက်နေရင်တစ်ချိန်ကြပေါ်လာမယ့်အမှန်တရားက ကျနော်နဲ့ကိုကို့ ကိုခွဲပစ်လိမ့်မယ်။ တကယ်လို့ကိုကို့ အဝေးကိုထွက်သွားပြန်ရင်လဲကျနော်ကနာကျင်ရပြန်မယ်။
......................................................................
လွန်ခဲ့သော၁၀နှစ်ခန့်
...................................."လုပ်လေ!"
ယောင်္ကျားကြီးတစ်ယောက်ရဲ့အော်သံနှင့်အတူတူအသက်၁၂နှစ်အရွယ်ကလေးငယ်ဟာ တုန်လှုပ်နေရင်းနဲ့ပဲသူ့ဘေးနားကနေကမ်းပေးတဲ့ဓားကိုယူလိုက်တယ်။
ဂျယ်နိုရဲ့လက်တွေကသူ့ရှေ့မှာရှိနေတဲ့အလယ်အလတ်အရွယ်မိန်းမတစ်ယောက်ရဲ့ ဗိုက်ပေါ်ကိုကျရောက်သွားပြီးအကြောကိုစမ်းလိုက်ရင်းပဲဓားကိုင်ထားတဲ့နောက်လက်တစ်ဖက်ကိုရှေ့တိုးလိုက်တယ်။
ဂျယ်နိုရဲ့လက်တွေကတုန်နေပေမယ့်လည်းအနတ်နိုင်ဆုံးလက်ရဲ့တုန်လှုပ်မှုကို ထိန်းလိုက်ကာအသက်တောင်မရှုနေတော့တဲ့သူ့ရှေ့ကမိန်းကလေးရဲ့ဗိုက်အောက်ပိုင်းကိုခွဲလိုက်တယ်။
သူအကြောကိုရအောင်ရှာပြီးခွဲ၍သွေးကသိပ်မထွက်ပေ။ ဂျယ်နိုကသေချာခွဲပြီးတော့မှအထဲကိုရေဖြင့်အရင်ဆေးလိုက်ပြီး သူ့ရဲ့လက်အိတ်စွပ်ထားတဲ့လက်တွေနဲ့ဗိုက်ထဲကိုနှိုက်လိုက်တယ်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...