Part - (51)

418 66 1
                                    

ဂျယ်နိုနဲ့ဂျယ်မင်းရဲ့နှုတ်ခမ်းတွေကထိကပ်နေကြပြီးတော့ဒီအရာကဂျယ်မင်းကိုချက်ချင်းပဲ လှုပ်ရှားကာဂျယ်နိုကိုအမြန်တွန်းထုတ်ပစ်စေတယ်။

ဂျယ်နိုရဲ့မျက်နှာပေါ်ကိုလက်သီးတစ်ချက်ကကျရောက်လာပေမယ့်လည်း ထိုလက်ကချက်ချင်းပဲသူ့လက်ထောက်ဖြစ်သူနဲ့တားခံလိုက်ရတယ်။

ဂျယ်မင်းကထိုလူရဲ့လက်ဆီကနေရုန်းလိုက်ပေမယ့်လည်းဂျယ်နိုကချက်ချင်းပဲ သူ့လက်ထောက်ကိုတုန်လှုပ်သွားစေတဲ့အကြည့်တစ်ခုဖြင့်ကြည့်လိုက်တော့ချက်ချင်းပဲထိုလူကဂျယ်မင်းကိုတောင်းပန်လာလေသည်။

ဂျယ်မင်းကအခုမှသတိထားမိတဲ့လူ့လက်ကိုပြန်ကြည့်လိုက်တော့ သူ့ရဲ့လက်သူကြွယ်မှာတည်ရှိနေတဲ့တစ်လက်လက်တောက်ပနေသည့်လက်စွပ်တစ်ခု။

ဂျယ်မင်းကထိုလပ်စွပ်ကိုသေချာကြည့်လိုက်တော့လှပတဲ့လက်စွပ်လေး။ ဂျယ်မင်းကိုအရမ်းဝန်မလေးအောင်စိန်မထည့်ထားတာဖြစ်လောက်ပြီးလူငယ်ဆန်ကာလှပသည်။

ဂျယ်မင်းသဘောကျတဲ့လက်စွပ်ပုံစံမျိုးဖြစ်သည်။ တစ်ညတည်းနဲ့ဒီကောင်လေးဟာသူ့အကြောင်းအရာမှန်သမျှကိုဘယ်လိုရှာခဲ့ပါသလဲ?

ဂျယ်မင်းအံ့ဩရပါသည်။ မနေ့ကတင်တွေ့တယ်။ ညနေဘက်မှာတော့သူစီးနေတဲ့တက်ဆီကိုအတင်းရပ်စေကာသူ့ကိုလာတွေ့ပြီးအိမ်ပြန်လိုက်ပို့ပြန်တယ်။

ပြီးတော့ဒီနေ့မနက်ကြတော့လက်ထပ်စာချုပ်အစောင်ခြောက်ဆယ်နီးပါးနှင့် ရောက်လာကာလက်သူကြွယ်ကိုလက်စွပ်လာစွပ်ပေးပြန်တယ်။

ဘယ်လိုတောင်ကလေးဆန်ရတာလဲ? လူကြီးစိတ်မရှိ၊ မရင့်ကျက်သေးတာများလား? ဒီလိုဝုန်းခနဲ ဒိုင်းခနဲ လုပ်ချင်တိုင်းလုပ်ဆိုပြီးလုပ်လို့ရမလား?

"သဘောကျရဲ့လား?"

ဂျယ်နိုရဲ့နူးညံ့တဲ့မေးခွန်းကြောင့်ဂျယ်မင်းကဂျယ်နိုကိုလှည့်ကြည့်လိုက်မိတော့ ကလေးတစ်ယောက်ကသူ့အရုပ်လေးကိုသဘောကျပါစေလို့မျှော်လင့်နေတဲ့ မျှော်လင့်ချက်အလင်းရောင်ဖြင့်ပြည့်နှက်နေသောကလေးငယ်တစ်ယောက်လိုငေးကြည့်နေရှာသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now