Behind the story

222 21 2
                                    

"လီသခင်လေးရောက်ရှိလာကြောင်းပါ!"

ဂျယ်နိုကလီမိသားစုရဲ့အိမ်တော်ဝင်းထဲကိုဝင်ရောက်လာခြင်းနဲ့အတူတူ အစောင့်ရဲမက်တွေအကုန်လုံးကဂျယ်နိုရောက်လာကြောင့်ဂျယ်နိုရဲ့ခမည်းတော်ကိုအကြောင်းကြားလိုက်တယ်။

ဂျယ်နိုရဲ့ခြေလှမ်းတွေကလျင်မြန်စွာလှုပ်ရှားနေပြီးတော့သူကသူ့ခမည်းတော်ရှိရာ အိမ်တော်ရဲ့အဓိကအဆောင်ဖြစ်သောလက်ဖက်ရည်ဆောင်ကိုဦးတည်လိုက်တယ်။

"သခင်ကြီးကဘယ်သူ့ကိုမှပေးမဝင်ဖို့ပြောထားလို့ပါ စိုးရွံ့မိပါတယ်အရှင့်သား"

လက်ဖက်ရည်ဆောင်နားကိုမရောက်ခင်မှာပင်ဟန့်တားလိုက်တဲ့အစောင့်အချို့။ ဂျယ်နိုကတုံ့ဆိုင်းတွေဝေမနေပဲနဲ့သူ့ရဲ့ဓားအိမ်ထဲကဓားကိုဆွဲထုတ်လိုက်ကာအစောင့်ရဲ့လည်ပင်းကိုပြတ်စေပါသည်။

ကြမ်းပြင်ပေါ်မှာချက်ချင်းပဲသွေးတွေကအိုင်သွားလေတော့တယ်။ ဂျယ်နိုရဲ့လုပ်ရပ်တွေကမြန်လွန်းတာကြောင့်ကျန်တဲ့အစောင့်တွေကပြန်တောင်မတုံ့ပြန်နိုင်ခဲ့။

သူတို့ရဲ့အနာဂတ်ဘုရင်လောင်းကိုဘယ်အစောင့်ရဲမက်ကဓားနဲ့ရွယ်ရဲမှာလဲ။ သူတို့ရဲ့မျိုးစဉ်မျိုးဆက်ခုနှစ်ဆက်ရဲ့အသက်တွေကိုသူတို့တန်ဖိုးထားပါသေးသည်။

ဂျယ်နိုကတစ်ချက်လေးပင်မတုံ့သွားပဲနဲ့အလောင်းကိုကျော်လိုက်ကာတံခါးဆီဦးတည်သွားလိုက်တယ်။ ဒီတစ်ခါမှာတော့သူ့ကိုဘယ်သူမှပိတ်ပင်မတားဆီးရဲကြတော့။

ဂျယ်နိုကဘယ်သူမှမဖွင့်ပေးလာတဲ့တံခါးကို ကိုယ့်လက်နဲ့ကိုယ့်ဘာသာကိုယ်ဆွဲဖွင့်လိုက်လေတယ်။ အားအရှိန်ကြောင့် 'ဒုန်း' ဟူသောအသံကိုဖြစ်ပေါ်စေလျက်။

ဂျယ်နိုရဲ့ခြေလှမ်းတွေကစိတ်အေးလက်အေးပဲလက်ဖက်ရည်ထိုင်သောက်နေတဲ့ သူ့ခမည်းတော်ဆီကိုဦးတည်နေပြီးခမည်းတော်အနားရောက်သွားတဲ့အခါမှာခမည်းတော်ကပြောလာလေတယ်။

"ဘယ်လိုလဲ လူနှစ်ယောက်ကိုသတ်လိုက်ရတာကျေနပ်ရဲ့လား"

ဂျယ်နိုကစိတ်တိုလွန်း၍ခံပြင်းမှုကြောင့််မလုက်သင့်တာတွေမလုပ်မိဖို့၊ မပြောသင့်တာတွေမပြောမိဖို့ရာတံတွေးကိုမျိုချကာစိတ်ထိန်းမိတယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now