Christmas Special

445 47 3
                                    

"ဦးလို့"

"ဗျာ ဗျ"

"ခရစ်စမတ်သစ်ပင်အလှဆင်ချင်တယ်လို့"

"အလှဆင်လေ"

"ခရစ်စမတ်သစ်ပင်မှမရှိတာ။ အိမ်ရှေ့ကချယ်ရီပင်မှာသွားဆင်ရမှာလား"

ဂျယ်မင်းရဲ့စကားကိုဂျယ်နိုကသဘောကျစွာရယ်လိုက်ပြီးသူ့ကလေးလေးအလိုကျပြန်ပြောလာတယ်။

"ကိုယ်မနက်ဖြန်သစ်ပင်ဝယ်ခဲ့မယ်"

ဂျယ်နိုကပြောလိုက်တော့မှဂျယ်မင်းကငြိမ်သွားကာထိုင်နေတဲ့ဂျယ်နိုရဲ့ပေါင်ပေါ် ခေါင်းကိုပြန်တင်ကာလှဲချလိုက်ပါ၏။ ဂျယ်နိုကတော့စာရွက်အချို့ကိုကြည့်ကာအလုပ်ရှုပ်နေခဲ့သည်။

"ဦး"

"အင်း?"

"ကျနော့်ဖေဖေကို ဦးအကြောင်းဘယ်လိုပြောပြရမလဲ?"

"ကလေးသဘောလေ"

"မဟုတ်ဘူးလေ။ ဦးကကျနော့်ကိုလက်မထပ်ဘဲသွားမိတ်ဆက်ရငါဖေဖေကစိတ်ဆိုးသွားမှာပေါ့"

ဂျယ်နိုကဂျယ်မင်းရဲ့စကားကိုကြားတော့သဘောကျစွာထပ်ရယ်လိုက်မိပြန်ပါသည်။ ဘယ်သူကဒီလိုတွေးဖို့သင်ပေးလိုက်လဲမသိ။

လက်ထပ်တယ်ဆိုတာကိုလည်းဒီကလေးကိုဘယ်သူပြောပြပေးလိုက်လဲလို့ ပြန်မေးရင်လည်းသေချာပေါက်ကိုဒီကလေးက 'ကျနော်ကလေးမဟုတ်ဘူး ဒါတော့သိပါတယ်' လို့အော်ဦးမှာအမှန်ပင်။

ဂျယ်နိုကဒီကလေးကိုစစတွေ့ချင်းတုန်းကစဉ်းစားခဲ့ပါသည်။ 'အသက်ရောပြည့်သေးရဲ့လား'ဟူ၍။ ၁၂နှစ်ကလေးလောက်သာရှိသောအရပ်နှင့်မျက်နှာကြည့်တော့လဲကလေးရုပ်။

လောကကြီးအကြောင်းကိုလည်းမသိသည်မှာလမ်းမှာဘာတွေ့တွေ့မေးခွန်းမေးလိုက်ရမှ။ ဂျယ်မင်းကိုသူ့မိဘတွေကသဲသဲလှုပ်လွန်း၍အိမ်ထဲမှာပဲပျိုးထောင်ထားသည်ထင်။

အပြင်လောကအကြောင်းကိုဘာမှမသိသည့်ကလေးငယ်ကိုဂျယ်နိုကသာ မတွေ့ခဲ့ရင်တစ်ခုခုဖြစ်နေလောက်ပြီလားလို့ဂျယ်နိုတွေးတောင်မတွေးရဲ။

"ကိုယ့်မှာလက်ထပ်စရာကလေးအပြင်ရှိလို့လား"

"အဲ့ဆိုဦး"

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now