"ဦးလေးကြီးကိုချစ်တယ်!!"
ဂျယ်မင်းကပြောရင်းလှည့်ပတ်နေတာနဲ့တင်မပြီး။ ထိုကောင်ငယ်လေးကဂျယ်နိုရဲ့ကိုယ်ကိုပြေးဖက်လိုက်ကာအရှိန်လွန်သွားတာကြောင့်ရော ခုန်နေတာကြောင့်ပါချီပြီသားအနေအထားကိုအော်တိုဖြစ်သွားပါ၏။
ဂျယ်နိုကဂျယ်မင်းရဲ့ခြေထောက်ကနေကိုင်ကာချီပေးထားသလိုအနေအထားနှင့် သူတို့နှစ်ယောက်ကဒီတိုင်းပဲမျက်နှာချင်းဆိုင်မျက်လုံးချင်းစုံနေကြသည်။
'ဝါးး'
ဂျယ်နိုရဲ့လက်မောင်းတွေပေါ်မှာရှိနေရင်းပဲသူ့လက်တစ်ဖက်ကဂျယ်နိုရဲ့ မျက်လုံးအောက်ကမှည့်ကိုလာထိသောကောင်ငယ်လေးပင်။ ထို့အပြင် 'ဝါး'ဟုတောင်အသံထွက်လိုက်သေး။
"မဆင်းတော့ဘူးလား"
ဂျယ်နိုကပြောလိုက်ပေမယ့်လည်းတစ်ဖက်ကကောင်ငယ်လေးကတော့နားဝင်သည်ပင်မထင်။ ဂျယ်နိုရဲ့မှည့်ကိုကိုင်ကြည့်နေပါ၏။ ထို့နောက်
"ဦးလေးကြီးမျက်လုံးအောက်ကမှည့်လေ ကျနော်ရင်းနှီးနေသလိုပဲ။ ဦးလေးကြီးနဲ့ကျနော်တွေ့ဖူးလား"
"ပေါက်ကရတွေပြောမနေပဲဆင်းပါ"
ဂျယ်နိုကဂျယ်မင်းရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုလျစ်လျူရှုလိုက်ကာ ဂျယ်မင်းကိုအောက်ချပေးလိုက်ပြီးသူ့ခရီးဆောင်အိတ်ကိုပြန်ကိုင်ကာအရှေ့ကိုလျှောက်သွားပါသည်။
အနောက်ကနေလိုက်လာတဲ့ခြေသံမကြားတာကြောင့်ဂျယ်နိုကပြန်လှည့်ကြည့်မနေတော့ဘဲ
"မလိုက်လာဘူးလား"
"လာပြီ လာပြီ"
အနောက်ကနေအော်လိုက်ကာဂျယ်နိုနောက်ကိုပြေးလိုက်လာပါသည်။ ထို့နောက်ဘေးနားကနေစကားတစ်တွတ်တွတ်နဲ့ပင်။ ဂျယ်နိုကသက်ပြင်းတစ်ချက်ထပ်ချလိုက်ပြန်ပါသည်။
သက်ပြင်းတစ်ချက်ချပါကအသက်တစ်ရက်တိုမည်ဆိုလျှင်ဂျယ်နိုသေချာပါသည်။ သူမနက်ဖြန်တွင်အသက်မရှင်နိုင်တော့။ တော်ရုံပဲစိတ်ဒုက္ခပေးပါတော့ဟုထအော်လိုက်ချင်သည်အထိ။
ဂျယ်နိုကထိုကောင်လေးကိုသူ့အိမ်ခေါ်ကာအခန်းတစ်ခန်းပေးလိုက်ပြီးအိပ်စေသည်။ ဂျယ်နိုကထိုနေ့ညကပင်ပန်းနေသည်ဖြစ်၍နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်ခဲ့သည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...