"ကိုယ်နဲ့တွဲမလား ကြောင်ကိုဝူးဆီပြန်ပို့ပေးလိုက်ရမလား?"
ဂျယ်မင်းကသူ့ရှေ့ကကြောင်ကိုနူးညံစွာကိုင်ပြီး တင်းမာနေတဲ့မျက်နှာ၊ ပျော့ပျောင်းတဲ့လေသံ၊ တင်းမာသောခြိမ်းခြောက်စကားတို့ဖြင့် လူကိုအံ့ဩစေသောတစ်စုံတစ်ယောက်ကိုသာကြည့်နေမိပါ၏။
ဂျယ်မင်းဦးဏှောက်ထဲမှာစဉ်းစားလိုက်မိပါတော့သည်။ ဘယ်လိုများ? ဒီလို? တစ်ချိန်ထဲမှာကြောက်ဖို့ကောင်းပြီး နူးညံ့ပြနိုင်ရတာလဲ?
ဂျယ်နိုကဂျယ်မင်းရဲ့ဘယ်ကြည့်ရမလဲမသိကာလျှောက်ကြည့်နေတဲ့မျက်လုံးတွေကိုသာ တည့်တည့်မတ်မတ်စိုက်ကြည့်နေပြီးဂျယ်မင်းကတော့ဘယ်ကဘယ်လိုစဉ်းစားရမှန်းကိုမသိတော့ပါ။
"လေးဆယ့်ငါးစက္ကန့်ကျန်တယ်"
"အခုခြိမ်းခြောက်နေတာပါလား"
"မင်းခြိမ်းခြောက်တာလို့သက်မှတ်ရင်တော့ခြိမ်းခြောက်တာပေါ့။ ကိုယ်ကတော့ဖွင့်ပြောတာလို့ယူဆတယ်"
'ဘယ်အရူးကဒီလိုဖွင့်ပြောလို့လဲ' ဟူသောစကားကိုတော့ဂျယ်မင်းကအပြင်ထိထုတ်မပြောရဲ၍ ပါးစပ်လှုပ်ပြီးသားပြောလိုက်မိပါ၏။
ဂျယ်နိုကတော့ဂျယ်မင်းဘာပြောလိုက်လဲဆိုတာဂရုမစိုက်ဘဲလက်ထဲကကြောင်လေးကို သေချာလက်နှစ်ဖက်ဖြင့်ချီလိုက်ကာခေါင်းလေးကိုပွတ်ပေးလိုက်ပါသည်။
ဂျယ်မင်းကတော့သူ့ရှေ့မှာကြောင်ကိုတမင်ချစ်ဖို့ကောင်းအောင်လုပ်ပြကာ ကြောင်ဖြင့်အကြပ်လာကိုင်နေတဲ့ငါးနှစ်သားလောက်တောင်မရင့်ကျက်သေးတဲ့နိုင်ငံရဲ့စစ်သူကြီးဖြစ်သူကိုသာ စိတ်ထဲအော်နေမိပါတော့သည်။
"သုံးဆယ်စက္ကန့်"
ဂျယ်နိုကိုကြည့်လို့မရတော့တာကြောင့်ဂျယ်မင်းကချက်ချင်းပဲလက်ထဲကကြောင်ကို လုယူဖို့ကြိုးပမ်းလိုက်တော့ဂျယ်နိုကအနောက်ကိုတစ်လှမ်းခြင်းဆုတ်သွားတာနဲ့အမျှ ဂျယ်မင်းကလဲလိုက်ပါလာပါတော့သည်။
ဒါပေမယ့်လည်းရုတ်တရက်ကြီးဂျယ်နိုကဂျယ်မင်းရဲ့ခါင်းကိုလှမ်းဆွဲဖက်လိုက်ခြင်းဖြင့် တစ်ပြိုင်နက်ကြောင်ကိုချီထားတဲ့လက်ကိုပါအပေါ်မြှောက်တင်လိုက်သည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...