ဂျယ်မင်းကဂိတ်ဝမှာဆက်လက်စောင့်နေခဲ့ပြီးတော့ သူစောင့်နေတာအခုဆိုအနည်းဆုံး တစ်နာရီကျော်ရှိပြီဖြစ်သည်။ အချိန်ခဏလေးဆိုပေမယ့်လည်းတကယ်အကြာကြီးလို့ထင်ရသည်။
မိုးရာသီရဲ့ညတစ်ညမှာအပြင်ထွက်ပြီး အထူးသဖြင့်အခုလိုအဝတ်ပါးလေးဝတ်ကာမြေကြီးပေါ်ဆောင့်ကြောင့်ထိုင်စောင့်နေရတဲ့ဘဝကဘယ်လိုမအေးပဲနေမှာလဲ။
အနွေးဓာတ်ဟူသည်မှာဘယ်သူနည်းဟုမေးရမည်အထိကိုအေးစိမ့်နေလွန်းပြီး လေပြေတစ်ချက်ဝှေ့လိုက်တိုင်းသူ့ရဲ့အဆုတ်ထဲအထိပါအေးသွားသလိုခံစားရသည်။
အလင်းရောင်မှာလဲဂိတ်ဝမှာချိတ်ထားသောမီးများအပြင်မရှိ။ ဘာလို့သူ့ဘဝကဒီလောက်အဖြစ်ဆိုးနေရတာလဲ? ရောင်းစားခံရရုံတင်မကဘူး။ အခုတော့အရှင်လတ်လတ်ပါအေးခဲပြီးသေတော့မှာလား။
ဂျယ်မင်းရဲ့ခန္ဒာကိုယ်ကအေးခဲလွန်းလို့တုန်ပါတုန်နေပြီးသူ့လက်ဖဝါးနှစ်ခုကို အချင်းချင်းပွတ်ခြင်းဖြင့်အတတ်နိုင်ဆုံးအနွေးဓာတ်ကိုရယူနေသည်။
'မြောင်'
ဂျယ်မင်းကသူ့ဘာသာသူနွေးထွေးအောင်ကြိုးစားနေရင်းမှာပဲကြောင်တစ်ကောင်ရဲ့ အသံကိုကြားလိုက်ရတော့တန်းပြီးအသံလာရာကိုထရှာလိုက်တော့ကြောင်ငယ်တစ်ကောင်။
"ဒီနားမှာဘာလုပ်နေတာလဲ? မအေးဘူးလား~"
ဂျယ်မင်းရဲ့အသံကနူးညံ့နေကာလမ်းဘေးကကြမ်းပြင်ပေါ်မှာအိပ်နေတဲ့ကြောင်လေးကို ဆွဲပွေ့ပြီးကြောင်ငယ်လေးနွေးထွေးမှုရစေဖို့ရာသူ့ရင်ခွင်ထဲထည့်ထားလိုက်ပါ၏။
ကြောင်ကအဖြူနှင့်အနက်ရောင်စပ်ထားခြင်းဖြစ်ပြီးအလွန်သေးငယ်တာကြောင့် လပိုင်းလောက် သို့မဟုတ် တစ်နှစ်လောက်သာရှိမည်ဟုခန့်မှန်းရသည်။
သူ့လိုအသက်နှစ်ဆယ့်တစ်နှစ်အရွယ်လူတစ်ယောက်တောင်အေးခဲလောက်အောင် တုန်ရီနေတဲ့အချိန်မှာဒီလောက်ငယ်တဲ့ကြောင်ငယ်လေးဟာအအေးဒဏ်ကိုဘယ်လိုများအံတုသနည်း။
သူစဉ်းစားလို့မရတာကြောင့်သေးငယ်တဲ့ကြောင်ငယ်လေးကိုသာပိုမိုတင်းကြပ်စွာနွေးထွေးအောင်ဖက်ထားလိုက်ပါတော့၏။ ကြောင်ငယ်လေးကလူခင်ပုံရသည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...