Part - (36)

416 50 4
                                    

"ကျေးဇူးနော် မောင်~"

ဂျယ်နိုကဂျယ်မင်းကိုကြည့်နေခဲ့တယ်။ အံ့ဩမှုတွေအပြည့်ပေါ့။ ဂျယ်မင်းကလဲဂျယ်နိုကိုကြည့်နေခဲ့တယ်။ စနောက်ချင်မှုအပြည့်နဲ့ပေါ့။

သူတို့ကြားထဲကလေထုကပန်းရောင်ကိုပြောင်းသွားသလို။ ဂျယ်မင်းကစနောက်လိုက်တဲ့စကားပေမယ့်ဂျယ်နိုကတော့စနောက်နေခဲ့တာမဟုတ်။

ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲသူကစနောက်ခံရတဲ့သူဆိုရင်တောင် အကြာကြီးဘာတုံ့ပြန်မှုမှမရှိဘဲရပ်နေရအောင်သူကရူးနေတာမှမဟုတ်တာ။

ဂျယ်နိုရဲ့လက်တွေကချက်ချင်းပဲကုတင်ပေါ်မှာလှဲနေတဲ့ဂျယ်မင်းရဲ့ဘေးတစ်ဖက်တစ်ရပ်မှာ လက်ကိုထောက်ရင်းသူ့တစ်ကိုယ်လုံးကဂျယ်မင်းအပေါ်အုပ်မိုးလိုက်တယ်။

ဂျယ်မင်းဟာအလင်းရောင်ကိုမမြင်ရတော့ဘူး။ ဘာလို့ဆိုဂျယ်နိုရဲ့အရိပ်ကဂျယ်မင်းရဲ့တစ်ကိုယ်လုံးကိုကွယ်နေခဲ့ပြီ။ တစ်ချိန်ထဲမှာပဲသူတို့မျက်နှာဟာလဲနီးကပ်နေခဲ့တယ်။

တကယ့်ကိုနီးကပ်နေခဲ့တာ။ ဒီအရာဟာဂျယ်မင်းကိုလန့်စေပြီးသူ့ရဲ့လက်တွေကရင်ဘက်အပေါ်ကိုအလိုလိုရောက်သွားတယ်။ ဒါကကိုယ့်ကိုယ်ကိုအလိုအလျောက်ကာကွယ်တာပဲ။

ဂျယ်မင်းရဲ့တုံ့ပြန်မှုကိုဂျယ်နိုကသဘောကျစွာတစ်ချက်ရယ်လိုက်မိပြီး ဂျယ်နိုကဂျယ်မင်းကိုပိုခြောက်လှန့်​ရန်သူ့ခြေထောက်တွေကိုပါအိပ်ယာပေါ်တင်လိုက်တယ်။

ထိုအခါခေါင်းလေးမော့ကာသူ့ခြေထောက်နားကိုငုံ့ကြည့်လာတဲ့ဂျယ်မင်းပင်။ အခုတော့ဂျယ်မင်းရဲ့တစ်ကိုယ်လုံးကဂျယ်နိုအောက်မှာကျရောက်နေပြီဖြစ်သည်။

ဒီအရာကိုဂျယ်မင်းကတော်တော်ကြီးစိတ်ဘဝင်မကျဖြစ်မိပြီးသတ္တိမှန်သမျှစုထားလိုက်ကာ ဂျယ်နိုကိုမေးလိုက်ပေမယ့်လည်းမဖြစ်မနေကိုအသံကထစ်သွားသေး။

"မင်း...မင်းဘာလုပ်ချင်လို့လဲ"

ဂျယ်မင်းရဲ့ထစ်ငေါ့ထစ်ငေါ့စကားကိုကြားတာနဲ့ဂျယ်နိုရဲ့မျက်နှာကတန်းပြီးအနားကိုဝုန်းခနဲ အမြန်တိုးကပ်လာတာကြောင့်ဂျယ်မင်းကသူ့မျက်လုံးတွေကိုအမြန်မှိတ်ချလိုက်တယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now