"အပေါ်မှာဆုတောင်းရေးရမယ်တဲ့"
ဂျယ်မင်းကပြုံးရွှင်ကာပြောလိုက်တော့ဂျယ်နိုကသူတစ်ခါမှမကြားခဲ့ဖူးသလိုမျိုး မေးခွန်းထုတ်သည့်ပုံစံဖြင့်ပြန်ကြည့်လာပါ၏။ ထိုအခါဂျယ်မင်းကရယ်လိုက်ပြီး
"ဆုတောင်းပြည့်တယ်လို့တော့ပြောကြတာပဲ"
ဂျယ်နိုကအယုံအကြည်မရှိတဲ့ပုံပေါက်နေသေးတာကြောင့်ဂျယ်မင်းကထပ်ပြီး
"ပြည့်ပြည့်မပြည့်ပြည့်လုပ်ကြည့်တာပေါ့။ ဒါပေမယ့်ခင်ဗျားယုံမှရမှာနော်"
"ယုံမှရမှာဆိုငါမလုပ်တော့ဘူး။ မယုံဘူး"
"လာပါ။ တစ်ခါလောက်ပဲကြိုးစားကြည့်တာပေါ့"
ဂျယ်မင်းရဲ့ပြောစကားကြောင့်ဂျယ်နိုကမယုံကြည်လဲဂျယ်မင်းစကားကိုနားထောင်လိုက်ကာ သူတောင်းစရာဆုကိုဦးဏှောက်ထဲစဉ်းစားနေတဲ့အချိန်မှာပဲဂျယ်မင်းကတော့မီးပုံးအပေါ်သူ၏ဆုတောင်းကိုရေးနှင့်နေပြီ။
ဂျယ်မင်းကရေးဖို့ကိုတော်တော်ကြာကြာအချိန်ယူနေပြီးတဲ့နောက်မှာတော့ သူကဂျယ်နိုကိုလှည့်ကြည့်လိုက်ကာ
"ခင်ဗျားရေးရမယ့်အလှည့်"
ဂျယ်နိုကသူမရေးခင်မှာဂျယ်မင်းရေးထားတာကိုကြည့်ဖို့ကြိုးစားလိုက်တော့ဂျယ်မင်းကသူ၏လက်နှင့်အတင်းကာလိုက်ကာ
"မကြည့်နဲ့"
"ဘာလို့လဲ။ မင်းဘာဆုတောင်းရေးထားလို့လဲ"
"ဆုတောင်းကိုကြည့်ရင်ဆုတောင်းမပြည့်ဘူးလို့ပြောတယ်လေ"
ဂျယ်နိုကတစ်ချက်ရယ်လိုက်ကာ
"အင်းပါ အင်းပါ။ ကိုယ်မကြည့်ပါဘူး"
ဂျယ်နိုကဂျယ်မင်းရေးထားတဲ့အကာရဲ့တခြားတစ်ဖက်ကိုလှန်လိုက်ပြီးသူ၏ဆုတောင်းကိုရေးလိုက်ပါ၏။ ဂျယ်နို့ဆုတောင်းကတော့ထွေထွေထူးထူးမဟုတ်ခဲ့။
'နာဂျယ်မင်းရဲ့ဆုတောင်းပြည့်ပါစေ' တဲ့။
ဒီဆုတောင်းကိုဂျယ်နိုရေးရတဲ့အကြောင်းအရင်းကတော့ရှင်းပါတယ်။ သူစဉ်းစားလို့မရတဲ့အတွက်ကြောင့်ရော၊ နောက်တစ်ခုကဆုတောင်းပြည့်ရင်လူတွေကပျော်ကြတယ်မလား?
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...