Part - (32)

442 58 2
                                    

"ဟင့်..."

အိပ်ပျော်နေတဲ့ဂျယ်နိုရဲ့နားထဲကိုတစ်ယောက်ယောက်ရဲ့ငိုသံကတိုးဝင်လာပြီး အိပ်ယာကနေနိုးထစေလာပါသည်။ ဂျယ်နိုကပြန်အိပ်ဖို့လုပ်လိုက်ပေမယ့်လည်းငိုသံမရပ်။

ဂျယ်နိုကစိတ်ပျက်စွာသက်ပြင်းတစ်ချက်ချလိုက်ပြီးသူအိပ်နေတဲ့ထိုင်ခုံပေါ်ကနေထလိုက်ကာ သူ့အခန်းတံခါးကိုဖြည်းညှင်းစွာဖွင့်လိုက်ပြီးချောင်းကြည့်ဖို့လုပ်လိုက်ပါ၏။

ဒါပေမယ့်တွေ့လိုက်ရတာကအိပ်ယာပေါ်မှာလဲလျောင်းနေသောဂျယ်မင်းအပြင်မရှိ။ ဂျယ်နိုကတံခါးကိုဖွင့်လိုက်ကာအခန်းထဲကိုဝေ့ဝဲကြည့်ရှုလိုက်တော့ဘယ်သူမှမရှိ။

သရဲပဲခြောက်သည်လားဟုမသိနိုင်သောအခြေအနေမှာဂျယ်နိုကအခန်းတံခါးကိုပြန်ပိတ်ဖို့ လုပ်လိုက်ပေမယ့်လည်းနောက်တစ်ခါနှာရှိုက်လိုက်သောအသံထွက်ပေါ်လာပြန်သည်။

အသံကငိုနေရင်းနဲ့နှာရှိုက်လိုက်တဲ့အသံမျိုး။ ဂျယ်နိုကအခန်းထဲဝင်လိုက်ကာအခြေအနေကိုစောင့်ကြည့်လိုက်ပါသည်။ သူကသရဲလဲမကြောက်ပါ။

သရဲဆိုတာကအတည်မရှိဘူးဟုယုံထားသည်။ ပြီးတော့သရဲပဲ။ သူ့အားနှင့်ညှစ်လိုက်ရင်တောင်အေးဆေးနေနေသောသရဲပါတခြားဘဝကူးသွားရလောက်သည်။

ဂျယ်နိုကနောက်တစ်ခါရှိုက်သံနဲ့ညည်းသံအသေးငယ်ကိုကြားလိုက်ရတဲ့အခါမှာတော့ ဒီအသံကဂျယ်မင်းဆီကလာမှန်းသေချာသွားပါတော့သည်။

ဂျယ်နိုကဂျယ်မင်းနားကိုခြေသံတိုးတိုးလေးများနှင့်တိုးကပ်သွားလိုက်ကာ ကုတင်အောက်မှာထိုင်ရင်းဂျယ်မင်းရဲ့မျက်နှာကိုကြည့်လိုက်ပါ၏။

ဂျယ်မင်းရဲ့မျက်နှာကချွေးစေးတွေထွက်ကာစိုရွှဲနေပြီးမျက်မှောင်တွေကြုံ့ထားကာ မျက်ရည်လားချွေးလားမသဲကွဲပဲရှိနေသည်။ နှုတ်ခမ်းတွေကလဲတုန်နေသည်။

သူ့ရဲ့လက်တွေကအိပ်ယာခင်းကိုဆုပ်ကိုင်ရင်ဆုပ်ကိုင်ထားသည်။ ပါးစပ်ကလည်းတစ်ခုခုကိုတောက်လျှောက်တီးတိုးစွာဖြင့်ရေရွတ်နေသည်။

ဂျယ်နိုကသူဘာကိုရေရွတ်နေသလဲဆိုတာကိုအာရုံစိုက်ပြီးနားထောင်လိုက်တော့မှ ကြားလိုက်ရတာကဂျယ်နိုကိုဝမ်းနည်းသွားစေပြီးတစ်ချိန်ထဲမှာပဲသနားစေပါသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now