Part - (49)

376 62 7
                                    

"အား အနံ့..."

"ဘုရားရေ ငါတော့အသက်မရှူနိုင်တော့ဘူး"

"နံလွန်းလို့သေတော့မှာပဲ"

ဂျယ်မင်းကထိုကဲ့သို့အော့အန်သံနဲ့ညည်းညူသံတွေပြည့်နေတဲ့စည်းတားထားတဲ့ မြေကြီးတွေပုံထားတဲ့အပုံဘေးကကျင်းကြီးရှိတဲ့ဝိုင်းထဲကိုဝင်လိုက်တော့ဂျယ်မင်းကစိတ်တောင်ညစ်သွားရသည်။

အနံ့ကလဲအံ့ဩဖို့ကောင်းလောက်အောင်ကိုပုပ်စော်နံလွန်းသည်။ မသိရင်လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှသေသွားသလို။ ဒါပေမယ့်အနည်းဆုံးနှစ်ခုနှစ်ဆယ်ကျော်နေပြီလေ။

သမိုင်းမှာတော့ဂျပန်စစ်အုပ်ချုပ်ရေးခေတ်ကဒုဘုရင်ချုပ်ရဲ့သားဟာ ၁၉၄၅အတိမှာသေဆုံးသွားခဲ့တာ။ တိတိကျကျဆိုရင်၇၆နှစ်ကြာအောင်မြှုပ်ထားတာ။

ဒီလောက်ကြာအောင်မြှုပ်ထားတဲ့အလောင်းဟာအခုအချိန်မီစတင်ပုပ်သိုးနံ့ ထွက်လာတယ်ဆိုတာဖြစ်နိုင်ရဲ့လား? လုံးဝမဖြစ်နိုင်ဘူးလေ။

ဂျယ်မင်းကကြီးမားတဲ့အခေါင်းကြီးကိုကြည့်လိုက်တော့အခေါင်းက နှစ်လောင်းထည့်လို့ရအောင်ကိုကြီးမားပါသည်။ ဒါပေမယ့်အထဲထဲမှာတော့အထီးကျန်စွာတစ်လောင်းသာရှိသည်။

ထိုလူရဲ့အလောင်းကပုပ်သိုးဆွေးမြည့်နေခြင်းမှာအရမ်းမသိသာသောကြောင့် အနီးကပ်ပြီးတော့အသေးစိတ်တော့ကြည့်လို့ရမည်ထင်သည်။

ထို့ကြောင့်ဂျယ်မင်းကသူ့မျက်မှန်ကိုအပေါ်မြှင့်တင်လိုက်ရင်းပဲ အနောက်ကသူ့လက်ထောက်ဖြစ်သူယူဂျင်းရဲ့လက်မှာကိုင်ထားတဲ့ လက်အိတ်ကိုဆွဲယူလိုက်တယ်။

သူကအသေးစိတ်ကြည့်ဖို့ရာအရှေ့ကိုခြေလှမ်းအနည်းငယ်တိုးပြီးထိုင်ချတော့မလိုပဲရှိသေး ဂျယ်မင်းကိုဟန့်တားသောအသံတစ်သံကထွက်လာသည်။

"ဟေး ဒီမှာ..! ရှေးဟောင်းသုတေသနပညာရှင်ကြီးနာဂျယ်မင်း"

ဂျယ်မင်းကလှည့်ကြည့်လိုက်တော့

"မှတ်တမ်းဓာတ်ပုံယူနေတုန်းလေ။ ခဏစောင့်ပါဦး"

ဂျယ်မင်းကထိုစကားကြောင့်ပြုံးလိုက်မိကာသူ့သူငယ်ချင်းဖြစ်သူဂျင်ဟျော့က သူ့ဘေးနားလာရပ်စေလိုက်ရင်းပဲဂျယ်မင်းတို့ကစကားပြောလိုက်မိကြတယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now