17ရာစုအလယ်ပိုင်းရှိခုနှစ်တစ်ခု
........................................................."နောက်ဆုံးသတိပေးချက် ဆိုးယောင်းတိုင်းပြည်ကနေပြီးတော့တပ်ဆုတ်ဖို့သတိပေးချင်ပါတယ် နယ်မြေစည်းမျဉ်းကိုကျော်တာနဲ့ပြန်လည်တိုက်ခိုက်ပါမယ်"
လေတွေကပြင်းထန်စွာတိုက်ခတ်နေပြီးတော့မြေပြင်ပေါ်မှာမတူညီတဲ့နိုင်ငံနှစ်နိုင်ငံက တိုက်ခိုက်ဖို့အတွက်အသင့်ပြင်အနေအထားနဲ့ရှိပြီးတော့လေထုကအေးစက်နေတယ်။
"တိုက်တော့!!!"
အော်သံတစ်ခုကကျယ်လောင်စွာထွက်လာပြီးတော့စစ်သား ရဲမက်တွေအားလုံးကအမြန်ပဲ စတင်အော်ဟစ်ကာစစ်တိုက်ကြပါတော့၏။
အလယ်မှာရပ်နေခဲ့တဲ့အရပ်ရှည်ရှည်ခန္ဒာကိုယ်လူတစ်ယောက်ကတော့နေရာမှာသာရပ်နေကာညွှန်ကြားနေပြီး သူ့အသံကအားလုံးကြားထဲမှာဟိန်းထွက်နေသည်။
လေထုထဲမှာသွေးရနံ့ကထင်းထွက်နေပြီးနယ်စပ်မှာနေကာ စစ်တိုက်နေတဲ့လူတစ်ယောက်အတွက်တော့ ဒါကသာမာန်ဖြစ်စဉ်တစ်ခုလိုပင် ပူပန်မှုမရှိပဲသူ့ရဲ့ဓားကိုကျွမ်းကျင်စွာအသုံးပြုရင်း လူတွေရဲ့အသက်ကိုနှုတ်ယူနေပါ၏။
တိုက်ပွဲကနောက်ဆုံးမှာတော့အဆုံးသတ်သွားခဲ့ပုံပေါက်ပြီးမနက်နေထွက်ထွက်ချင်းမှာ စတင်တိုက်ခိုက်ခဲ့တဲ့မရေတွက်နိုင်တဲ့လူအမြောက်အများက အခုညမှောင်နေတဲ့တိုက်ပွဲပြီးတဲ့အချိန်မှာတော့လူအနည်းငယ်သာကျန်ပါတော့သည်။
"ချက်ချင်းတိုင်းပြည်ကိုပြန်မယ်"
စစ်တိုက်ပြီးလို့ဒီညတော့စခန်းပြန်လျှင်မှောင်နေမှာကြောင့်ဒီမှာပဲရပ်နားမည်ဟုတွေးကာ နားရန်ပြင်နေသောရဲမက်တွေကိုအေးစက်စက်နဲ့ဩဇာညောင်းတဲ့စကားသံတစ်သံကဖောက်ထွင်းလိုက်တဲ့အခါရဲမက်တွေကအနည်းငယ်ပင်ပန်းနေသောအသံဖြင့်အမိန့်နာခံကြောင်းပြန်တင်ပြသံတို့ကပေါ်ပေါက်လာတယ်။
ကောင်းကင်ကြီးကမှောင်နေပြီးတော့လရဲ့အလင်းရောင်တစ်ခုသာတည်ရှိနေသောကြောင့် ပင်ပန်းနေတဲ့အသက်ရှူသံတွေလူတွေရဲ့လမ်းလျှောက်သံတွေနဲ့တိတ်ဆိတ်နေတဲ့ညအလယ်ဖြစ်ပါသည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...