Part - (7)

592 78 0
                                    

"လွှတ်! ကျနော်ကအမလိုထင်နေလား။ ကျနော်ကရောင်းစားစရာပစ္စည်းတစ်ခုမဟုတ်ဘူး လွှတ်!!"

"ပါးစပ်ပိတ်ပြီးလိုက်သွားစမ်း"

ဂျယ်မင်းကသူ့ကိုချုပ်ထားတဲ့လက်တွေဆီကနေအတင်းရုန်းကာသူ့ကိုရောင်းစားလိုက်တဲ့ တကယ့်ကိုကျေးဇူးရှိလှတဲ့မိဘဆိုတဲ့လူကိုထပ်အော်လိုက်ပါ၏။

"ဈေးကွက်ပိုရဖို့အတွက်နဲ့သားသမီးတွေကိုရောင်းစားမယ်ဆိုရင်ဘာလို့မွေးခဲ့သေးလဲ!"

"နည်းနည်းလေးတောင်ကွယ်လွန်သွားတဲ့မယ်တော်ကိုအားမနာမိဘူးလား။ ခင်ဗျားကကျနော်တို့ခမည်းတော်မဟုတ်ဘူး"

ဂျယ်မင်းကတုံ့တုံ့ပင်မလှုပ်တဲ့သူ့ရဲ့ခမည်းတော်ဆိုတဲ့လူကိုကြည့်လိုက်ကာ မျက်ရည်တွေဝဲတက်လာပါတော့သည်။ သူ့အမဖြစ်သူရောင်းစားခံရထဲကဒီလူကိုအဖေအဖြစ်မသက်မှတ်တော့တာသေချာသော်လဲသူ့ဘာသူထိန်းမရခဲ့။

ဘယ်လောက်ပဲမုန်းမုန်း ဘယ်လောက်ပဲနာကျည်းကျည်း သူ့အဖေဆိုတဲ့အသိစိတ်ကရှိနေတုန်းမို့ သူနဲ့သူ့အမကိုဘာလို့ဒီလိုလုပ်ရတာလဲလို့အော်ပြောချင်မိတယ်။

မျက်လုံးတွေကပူလာကာမျက်ရည်တွေကထွက်ကျတော့မှာဖြစ်တာကြောင့် ဂျယ်မင်းကိုယ့်ဘာသာစိတ်ထိန်းထားပြီးဆက်မရုန်းတော့ပဲခေါ်ခံရတဲ့နေရာကိုသာလိုက်သွားပါတော့သည်။

ဂျယ်မင်းကဘယ်နေရာကိုရောက်ပြီးဘယ်နေရာကိုသွားနေမှန်းတောင်မသိပါ။ ဒီတိုင်းထိုလူတွေဆွဲခေါ်လာတဲ့နောက်ကိုသာလိုက်နေတာဖြစ်ပြီးဘာကိုမှအာရုံမရောက်တော့တာတော့အမှန်။

ဒါပေမယ့်သူ့ရဲ့ဘေးပတ်ဝန်းကျင်ကိုအာရုံစိုက်မိလိုက်တဲ့အချိန်ကတော့ သူဟာတောနက်ကြီးတစ်ခုခုရဲ့အလယ်ဗဟိုမှာရောက်နေခဲ့တာဖြစ်ပြီးသူ့ပတ်ဝန်းကျင်ကနက်မှောင်နေတယ်။

'ခမည်းတော်ကငါ့ကိုဘယ်ကိုရောင်းစားလိုက်တာလဲဟ'

ဟူသောအတွေးကဂျယ်မင်းရဲ့ခေါင်းထဲကိုဝုန်းခနဲဝင်လာပါတော့သည်။ ဒီတောကြီးကအင်မတန်ကိုတိတ်ဆိတ်လွန်းပြီးဘယ်လောက်ထူထပ်လဲဆိုရင်အလင်းရောင်တောင်မရတော့သလိုပဲ။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now