Part - (39)

415 58 5
                                    

"ဖွီး!! အဟွတ်! အဟွတ်!"

ဂျယ်မင်းကသူ့မျက်နှာအပြင်တစ်ကိုယ်လုံးပေါ်ကိုခေါင်းကနေရေတွေလောင်းချခံရ၍ ရေတွေမွန်းပြီးချောင်းများတစ်ဟွတ်ဟွတ်ဆိုးကာနိုးထလာရသည်။

ဂျယ်မင်းရဲ့လက်တွေကနောက်ပြန်ကြိုးတုပ်ခံထားရပြီးခြေထောက်တွေကလည်း ပူးတွဲကြိုးတုပ်ခံထားရကာတကယ့်ကိုအချုပ်အနှောင်ခံထားရသည်။

ဂျယ်မင်းရဲ့မျက်လုံးတွေကရုတ်တရက်ဝင်သွားတဲ့ရေတွေကြောင့်စပ်နေကာ နှာခေါင်းထဲထိပါဝင်သွားတဲ့ရေတွေကဂျယ်မင်းကိုရေသီးစေတယ်။

စက္ကန့်နည်းငယ်ကြာတော့ဂျယ်မင်းကနောက်ဆုံးတော့မျက်လုံးဖွင့်လိုက်နိုင်ကာ သူ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်မိရာသူပထမဆုံးစဉ်းစားမိတာကတော့ 'ကြောက်တယ်'။

ဂျယ်မင်းရဲ့ဘေးပတ်ဝန်းကျင်တစ်လျှောက်မှာနက်ပြာရောင်တောက်တောက်နံရံတွေကဝိုင်းထားတယ်။ ဂျယ်မင်းရဲ့အောက်မှာတော့သွေးစွန်းနေတဲ့အဖြူရောင်ကြွေပြားကြမ်းပြင်ရှိနေတယ်။

သွေးတွေကိုတိုက်ထုတ်ကာဆေးထားပေမယ့်လည်းမပြောင်သ၍ဒီလို အစွန်းအထင်းတွေကျန်နေသည်ဖြစ်မည်။ ဒီအရာကတကယ့်ကိုထိန့်လန့်စရာ။

သူဒီကိုမရောက်ခင်မှာမှတ်မိတဲ့တစ်ခုတည်းသောအရာကသူဟာအခန်းရှေ့က ထိုင်ခုံပေါ်မှာကြိုးတုပ်ခံထားရပြီးသိပ်မကြာခင်မှာပဲသူ့အမြင်တွေမှောင်မဲသွားတယ်။

သူ့ခေါင်းကိုတစ်ခုခုနဲ့အစွပ်ခံလိုက်ရတာဖြစ်ပြီးဂျယ်မင်းကရုန်းကန်လို့မရခင်မှာပဲ ပြင်းထန်တဲ့ရနံ့တစ်ခုကြောင့်အလျင်အမြန်ပဲအိပ်ပျော်သွားခဲ့တယ်။

ဂျယ်မင်းကခုံပေါ်ထိုင်ကာအိပ်ပျော်သွားသလောက်အခုတော့အေးစက်နေတဲ့ကြမ်းပြင်ပေါ်မှာ ရေတွေလောင်းချခံရလို့တစ်စိမ့်စိမ့်နဲ့တုန်နေရတယ်။

"မင်းကဘာလို့ငါ့ကိုတွေ့ချင်တာလဲ"

ကိုးရီးယားစကားဖြစ်သည်။ ဂျယ်မင်းကရေစိုကာညစ်ပေနေသောကြမ်းပြင်ပေါ်မှာဒူးထောင်ထိုင်နေရင်း ချင်ချင်းပဲအသံထွက်လာတဲ့လူကြီးကိုကြည့်လိုက်တယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now