Part - (20)

551 76 9
                                    

"ကြောင်လေးဘယ်ပျောက်သွားလဲ"

"ကြောင်လေးရေ~"

"ကြောင်လေး~"

ဂျယ်မင်းကအိပ်ယာကနေနိုးနိုးချင်းမှာပဲကြောင်ငယ်လေးကိုသာရှာနေမိပါတော့သည်။ အဆောင်တော်တစ်ခုလုံးပတ်ရှာလိို့ရေချိုးဆောင်ထိပါရောက်ပေမယ့်လည်းအခုထိရှာမတွေ့။

ဒီကြောင်လေးကဘယ်ကိုရောက်နေမှန်းကိုမသိပါ။ သူကသေလောက်အောင်လိုက်ရှာနေပေမယ့်လည်းမတွေ့ရ။ ကြောင်ချစ်တတ်တဲ့ဂျယ်မင်းအတွက်တော့တကယ့်ကို ဒီကြောင်လေးကအဖိုးတန်လိုမျိုးကိုဖြစ်နေချေပြီ။

ဂျယ်မင်းကကုတင်အောက်၊ ခုံအောက်အပြင်နောက်ဆုံးပန်းအိုးအနောက်တွေထိရှာခဲ့သော်လည်းမတွေ့သောကြောင့် သက်ပြင်းတစ်ချက်ကိုဖုတ်လွှတ်လိုက်ကာကြမ်းပြင်ပေါ်မှာပင်ထိုင်ချလိုက်ပါ၏။

"ဘာဖြစ်နေတာလဲ?"

"ခင်ဗျားလာပြီလား"

ဂျယ်နိုကအခန်းတံခါးကိုဖွင့်ဝင်လာပြီးဂျယ်မင်းကိုမေးလိုက်တာနဲ့တစ်ပြိုင်နက် ဂျယ်မင်းကထိုင်နေရာကနေထလိုက်ကာဂျယ်နိုဆီပြေးသွားပါတော့သည်။

ထို့နောက်ဂျယ်နိုရဲ့ကိုယ်ကိုဟိုဘက်ကပတ်လိုက်၊ ဒီဘက်ကပတ်လိုက်နှင့်တစ်ကိုယ်လုံးကို လိုက်ပတ်ရှာနေလေသည်။ ဂျယ်နိုကတော့သူ့ရှေ့မှာသူ့ကိုပတ်နေတဲ့ကောင်လေးကိုသာကြည့်နေလိုက်ပါတော့သည်။

'သူကဘာလဲ? ကလေးလား?' ဟူသောစကားကတော့ဂျယ်နိုရဲ့ခေါင်းထဲမှာအကြိမ်ကြိမ်ရေရွတ်နေမိပါတော့သည်။ နောက်ဆုံးတော့ဂျယ်မင်းကဂျယ်နိုရဲ့ရှေ့မှာစိတ်ပျက်လက်ပြတ်ရပ်လိုက်တော့မှ

"ကိုယ့်ကိုပတ်ကြည့်လို့ပြီးပြီလား"

"အာ...ကြောင်လေးကိုရှာနေတာ"

"ကြောင်?"

"အင်း။ ခင်ဗျားမနေ့ညကပြောတော့ရှိတယ်ဆို။ အခုကြတော့ကြောင်ကမရှိတော့ဘူး"

"တစ်နေရာရာကိုထွက်ပြေးသွားတာဖြစ်မှာပေါ့"

ဂျယ်နိုရဲ့စကားအပြီးမှာဂျယ်မင်းရဲ့မျက်နှာသိသိသာသာပျက်သွားတာကို သတိထားမိလိုက်တဲ့ဂျယ်နိုကချက်ချင်းပဲချောင်းတစ်ချက်ဟန့်လိုက်ကာ

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now