Part - (24)

496 76 9
                                    

"မ...ထွက်သွားပါနဲ့...ကျေးဇူးပြုပြီး..."

ဂျယ်နိုကဂျယ်မင်းရဲ့အားပျော့ကာတိုးငယ်တဲ့အသံကိုကြားတာနဲ့တန်းပြီးတော့ စိတ်ပူစိတ်တွေကငယ်ထိပ်ကိုထိုးတက်သွားပြီးတော့အနောက်ကိုအတင်းလှည့်ကြည့်ပါတော့၏။

ဂျယ်မင်းကအားထည့်ကာဖက်ထားပေမယ့်လည်းဒီတစ်ခါတော့ဂျယ်နိုရဲ့အားကိုဂျယ်မင်းကမကျော်နိုင်။ ဂျယ်မင်းနဲ့ဂျယ်နိုနဲ့ကမျက်နှာချင်းဆိုင်လိုက်ကြသည်။

ဂျယ်မင်းရဲ့မျက်နှာကဖြူဖျော့နေပြီးတော့ဒါကဂျယ်နိုကိုပိုပြီးစိတ်ပူစေတယ်။ ဂျယ်နိုကချက်ချင်းပဲဂျယ်မင်းရဲ့နောက်ကျောမှာအနာတစ်ခုခုရှိနေတာကိုသတိထားမိသွားပြီးဂျယ်မင်းရဲ့အနောက်ကိုလှည့်ကြည့်လိုက်ပါ၏။

"ငါ...ငါ..ငါ-ိုး"

ဂျယ်နိုစိတ်တွေလွတ်သွားကာထဆဲလိုက်မိပါတော့သည်။ သူ့ဘဝမှာတစ်သက်နဲ့တစ်ကိုယ်ဒီလိုမျိုးတစ်ခါမှမဆဲဖူး။ ဂျယ်နိုဘာလုပ်ရမလဲမသိ။

ဂျယ်နိုရဲ့ဒေါသတွေ၊ ဝမ်းနည်းမှုတွေ၊ စိုးရမ်မှုတွေ၊ ခံပြင်းမှုတွေ၊ မျက်ရည်တွေကငယ်ထိပ်ကိုတက်လာပါတော့သည်။ ဒါကိုဂျယ်နိုဘယ်လိုထိန်းချုပ်ရမလဲမသိ။

ပထမဆုံးအနေနဲ့ဂျယ်နိုကသူ့ရဲ့ရှိသမျှအားသုံးကာသူ့ကိုယ်ပိုင်အင်္ကျီကိုဆွဲဖြဲလိုက်ခြင်းဖြင့်ဂျယ်မင်းရဲ့နောက်ကျောကိုအုပ်ကာဖိကိုက်လိုက်ပါ၏။

ထို့နောက်ခေါင်းမာနေတဲ့ဂျယ်မင်းကိုထိုင်ချစေလိုက်ကာဂျယ်နိုကထိန်းကိုင်ထားလိုက်ပါ၏။ ဂျယ်နိုရဲ့ခံစားချက်တွေကရှုပ်ထွေးနေသည်။ ဘာကနေဘာစလုပ်ရမလဲမသိ။

"ကျနော်...သေတော့မှာလား..ဟင်?"

ဂျယ်မင်းဆီကနေထွက်လာတဲ့စကားကဂျယ်နိုရံရင်ကိုကွဲကြေကာတစ်လောကလုံးကို ထိုင်ကျိန်ဆဲပြီးသူချစ်ရတဲ့လူကိုနာကျင်စေတဲ့ကောင်းကင်ဘုံကိုမီးရှို့ချင်သည်။

"ဟင့်အင်း။ ဘာလို့သေရမှာလဲ။ ဒီတိုင်း...ဒီတိုင်းခြစ်ရာသေးသေးလေးပါ"

"တကယ်လား?..."

"သေးသေးလေးပါဆို။ ကိုယ့်ကိုမယုံဘူးလား။ စကားမပြောနဲ့တော့နော်။ ပိုနာတယ်"

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now