"လီဂျယ်နို!!!"
ဂျယ်နိုကဂျယ်မင်းနဲ့ချက်ချင်းခွါလိုက်ကာမတ်တပ်ထရပ်လိုက်ရင်း အခန်းထဲတံခါးကိုဝုန်းဒိုင်းဖွင့်ကာဝင်လာတဲ့သူ့ရဲ့အဘိုးဖြစ်သူကိုကြည့်လိုက်ပါတော့သည်။
သူ့အဖိုးဖြစ်သူကဂျယ်နိုနဲ့အိပ်ယာပေါ်ကဂျယ်မင်းကိုထူးဆန်းစွာစောင့်ကြည့်နေပါသည်။ ဂျယ်နိုကချက်လျင်းပဲသူ့အဘိုးနားသွားလိုက်ကာတိုးငယ်သောအသံဖြင့်နားနားကပ်ပြောလိုက်ပါတော့သည်။
"ဘာလို့ဒီလိုအချိန်မှဝင်လာရတာလဲဗျာ"
ဂျယ်နိုကတိုးတိုးလေးကပ်ပြောလိုက်ပေမယ့်သူ့ရဲ့အဘိုးဖြစ်သူကအသံအကျယ်ကြီးဖြင့် သူ့လက်ထဲကတုတ်ကောက်ဖြင့်ဂျယ်နိုရဲ့ခေါင်းကိုထုကာ
"မင်းကငါမရှိတဲ့အချိန်ဖြူစင်တဲ့ကလေးတွေကိုခေါ်ပြီးမကောင်းတာတွေလုပ်နေတာပေါ့!"
အဘိုးဖြစ်သူရဲ့စကားကိုကြားပြီးတာနဲ့ခေါင်းပေါ်တင်မက တစ်ကိုယ်လုံးပေါ်ကျရောက်လာတဲ့ရိုက်ချက်တွေပင်။ ထို့ကြောင့်ဂျယ်မင်းကလှုပ်လှုပ်ရှားရှားဖြစ်သွားရပါတော့သည်။
ဂျယ်မင်းကအိပ်ယာပေါ်မှာလှဲအိပ်နေရာကနေသူတို့ဆီသွားဖို့ရာထလိုက်ရာ ထိုင်ရာကနေထတဲ့အချိန်မှာခြေထောက်အားကိုသုံးရပြီးတော့တစ်ချိန်ထဲမှာပဲခါးအားကိုပါသုံးရတာကြောင့်ဂျယ်မင်းရဲ့အနာကသေလောက်အောင်ကိုနာသည်။
ဂျယ်မင်းက 'အား' ဟူသောသိပ်မကျယ်တဲ့နာကျင်မှုကိုပြသည့်အသံကိုထွက်လိုက်မိကာ ချက်ချင်းပဲမြေကြီးပေါ်ကိုပုံလျက်လဲကျသွားတော့တယ်။
ဂျယ်နိုကဂျယ်မင်းရဲ့အော်သံကိုကြားတာနဲ့သူ့ကိုရိုက်နေတဲ့ သူ့အဘိုးလက်ထဲကတုတ်ကောက်ကိုသူ့လက်တစ်ဖက်ထဲနဲ့ဆုပ်ကိုင်ကာတားလိုက်ပြီးဂျယ်မင်းဆီသို့သာတန်းတန်းမတ်မတ်။
ဂျယ်မင်းကဂျယ်နိုကိုကြည့်ရင်းအနည်းငယ်အံ့ဩမိပါသည်။ သူကတုတ်ကောက်ကိုလည်းဖမ်းနိုင်ရဲ့သားနဲ့ တားနိုင်ရဲ့သားနဲ့သူ့အမှားမဟုတ်ဘဲဘာလို့ရိုက်ခံနေရတာလဲ။
ဘာပဲဖြစ်ဖြစ်ဂျယ်နိုကဂျယ်မင်းဆီကိုသူ့ခြေလှမ်းကျဲကျဲတွေနဲ့အမြန်ပင်ရောက်လာပြီး ဂျယ်မင်းရဲ့အနာကိုကြည့်ရင်းနဲ့ဂျယ်မင်းကိုပြောလာတယ်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...