ဂျယ်မင်းရဲ့မျက်နှာရှေ့မှာကာထားတဲ့လက်ကိုတစ်စုံတစ်ယောက်က ဖြည်းညှင်းစွာဖွဖွလေးဆုပ်ကိုင်လိုက်တဲ့အချိန်မှာဂျယ်မင်းရဲ့လက်တွေကတုန်ယင်သွားတယ်။
"Please give him. He's ours"
ဂျယ်မင်းနားမလည်နိုင်တဲ့လူဖြူတွေရဲ့စကားနောက််တစ်ခွန်းကထွက်လာတော့ ဂျယ်မင်းကအားပျော့စွာကိုင်ထားခံရတဲ့သူ့ရဲ့လက်တွေကိုချက်ချင်းရုန်းလိုက်မိပါ၏။
"Shut up and wait"
နောက်ထပ်သူနားမလည်တဲ့စကားတစ်ခွန်းကသူ့ရဲ့ရှေ့တည့်တည့်မှာထွက်လာပါသည်။ ထိုအသံပိုင်ရှင်ကဂျယ်မင်းရဲ့တုန်ယင်နေတဲ့လက်တွေကိုအားအပြည့်နဲ့ဆုပ်ကိုင်ထားရာကနေလက်ကအားကိုလျှော့ပေးလိုက်ပါတော့သည်။
ဂျယ်မင်းရဲ့လက်ကသူ့ရဲ့မျက်နှာရှေ့မှာဆက်လက်ကာထားတာမဟုတ်တော့ပါ။ ထို့နောက်ဂျယ်မင်းရဲ့မျက်နှာပေါ်ကိုကြီးမားတဲ့လက်တစ်စုံကရောက်လာတဲ့အခါမှာဂျယ်မင်းကတုန်ယင်ကာ ပိတ်ထားတဲ့မျက်လုံးတွေကိုပိုပြီးတင်းတင်းကြပ်ကြပ်ပိတ်ထားလိုက်ပါ၏။
"မျက်လုံးဖွင့်"
ရင်းနှီးတဲ့အသံနှင့်အတူဂျယ်မင်းကမျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ဂျယ်မင်းရဲ့ရှေ့မှာသူရင်းနှီးနေတဲ့မျက်နှာတစ်ခုကပေါ်ပေါက်လာပါသည်။
ဂျယ်နိုကဂျယ်မင်းရဲ့ပါးပြင်ပေါ်ကသွေးစို့နေတဲ့ပွန်းပဲ့ရာကိုဖွဖွလေးပွတ်ကြည့်လိုက်တော့ ဂျယ်မင်းကနာကျင်၍ဖြစ်မည်။ တစ်ချက်တွန့်သွားပါသည်။
ဒီလောက်လှပပြီးအပြစ်မရှိ မှဲ့တစ်ပေါက်ပင်မစွန်းသင့်တဲ့မျက်နှာလေးကို ဒီလိုဒဏ်ရာအနာတရတွေနဲ့ဖြစ်အောင်မည်သူကလုပ်လိုက်လေသနည်း?
လုပ်တဲ့လူကိုသိရင်သူသေအောင်သတ်ပစ်မိလိမ့်မည်။ ပန်းချီဆွဲတဲ့လှပလွန်းသောလက်ချောင်းသွယ်သွယ်လေးတွေကအခုတော့သွေးထွက်ပြီး ရှရာတွေအပြည့်။
ဖိနပ်တစ်ဖက်မပါလာတဲ့ခြေထောက်ငယ်လေးဆိုပိုဆိုးမည်။ ညိုမဲစွဲနေသောအပိုင်းတွေ၊ ပွန်းတီးရာတွေ၊ သွေးထွက်နေတဲ့ရှရာတွေကအပြည့်နေရာယူထားသည်။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...