Part - (12)

609 78 0
                                    

"ချစ်တယ်"

"ဟမ်?"
——————————————————————————————

လွန်ခဲ့သောကိုးနာရီခန့်~
......................................

ကြာရေကန်အလယ်ကတံတားပေါ်မှာရပ်နေတဲ့ဂျယ်မင်းဆီကိုဂျယ်နိုက အနည်းငယ်မြန်သောခြေလှမ်းတွေဖြင့်လျှောက်သွားလိုက်ပါသည်။

ဂျယ်နို့ဘက်ကိုလုံးဝလှည့်မကြည့်လာတဲ့ကောင်လေးကိုတွေ့တော့ ဂျယ်နိုကဂျယ်မင်းရဲ့လက်ကိုဆွဲကာသူ့ဘက်လှည့်လိုက်စေကာ

"မင်းဘာလို့ဒီမှာရှိနေရတာလဲ?"

ဂျယ်နိုရဲ့မျက်ခုံးတွေကတွန့်ချိုးနေကာမေးလိုက်ခြင်းဖြစ်ပါသည်။ သို့သော်ဂျယ်မင်းဘက်ကဘာအဖြေပြန်မလာတဲ့အတွက်ကြောင့်ဂျယ်နိုကပဲထပ်ပြီး

"နန်းတော်ကဘယ်လောက်တောင်ကြီးလဲ မင်းလမ်းပျောက်သွားနိုင်တယ်"

"ဒါဆို ဘာလို့ကျနော့်ကိုဒီကိုခေါ်လာခဲ့သေးလဲ"

ဂျယ်မင်းရဲ့မျက်လုံးတွေကဒီနေ့တော့ထူးခြားနေပါ၏။ ထိုကောင်လေးနဲ့စစတွေ့ချင်းအချိန်တွင်သေးငယ်သောလရောင်အောက်မှာတွင်တောက်ပနေသောမျက်လုံးတွေဖြစ်သော်လဲ အခုကြီးမားတဲ့နေရာင်အောက်မှာတော့သူ့ရဲ့မျက်လုံးတွေကတောက်ပနေခြင်းမရှိပေ။

ခေါင်းမာပြီးပြောရတာခက်ခဲလွန်းတဲ့ဂျယ်မင်းကိုပြန်ဖြေမယ့်အစားသူ့အနောက်က ရဲမက်တွေကိုဂျယ်နိုကလှည့်ကြည့်လိုက်ကာ

"မင်းတို့အကုန်လုံးကဘာလို့ဒီမှာရှိနေတာလဲ! သူအပြင်ထွက်မယ်ဆိုအဖော်လိုက်သွားဖို့ငါပြောခဲ့တယ်မလား?!"

ဂျယ်နိုကအသံကျယ်ကျယ်ဖြင့်အော်လိုက်တာကြောင့်ရဲမက်တွေကအကုန်လုံးက အသက်ပင်မရှူရဲလောက်အောင်ကြောက်လန့်နေကြပြီးသူ့နောက်မှာရှိတဲ့ သူ့သူငယ်ချင်းဖြစ်သူကလဲအနည်းငယ်တော့လန့်သွားပါသည်။

ဂျယ်မင်းကတစ်ညလုံးအဖျားတက်နေခဲ့ပြီးသူ့ကိုရေဝတ်လဲပေးရတာနဲ့ ဂျယ်နိုလဲတစ်ညလုံးကောင်းကောင်းမအိပ်ရသေးသော်လဲသူ့အလုပ်တွေရှိသေးတာကြောင့်မဖြစ်မနေထလာရသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now