Part - (52)

399 64 6
                                    

ဘေးနားကလှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့ဂျယ်နိုကနိုးထလာတဲ့အခါမှာဂျယ်မင်းရဲ့ နာကျင်ခံစားနေရတဲ့ပုံကိုတွေ့တာနဲ့ချက်ချင်းပဲလက်တွေကဂျယ်မင်းဆီရောက်သွားတယ်။

ဂျယ်မင်းကသူ့ရဲ့ဦးရေပြားတွေပြုတ်ထွက်တော့မတတ်ကိုဆွဲစုတ်ထားမိရင်း ဂျယ်မင်းရဲ့လက်တွေကိုချက်ချင်းပဲဂျယ်နိုကမရရအောင်ဆွဲဖြုတ်လိုက်တယ်။

ဒါပေမယ့်ဆက်ပြီးနာကျင်နေတဲ့ခေါင်းကြောင့်ဂျယ်မင်းကလက်တွေကိုအတင်းရုန်းရင်း သူ့ခေါင်းသူပြန်ကိုင်ကာနာကျင်မှုကိုဖြေလျော့ဖို့ကြိုးစားပေမယ့်လည်းဂျယ်နိုကအတင်းချုပ်ကိုင်ထားသည်။

ဂျယ်နိုကဂျယ်မင်းရဲ့မတည်ငြိမ်တဲ့လက်တွေကိုသူ့လက်တစ်ဖက်တည်းနဲ့ချုပ်ထားလိုက်ရင်း တခြားလက်တစ်ဖက်ကဂျယ်မင်းရဲ့ကိုယ်လုံးလေးကိုထိန်းဖို့ကြိုးစားနေတယ်။

ဂျယ်နိုကသူ့လက်တစ်ဖက်နဲ့ဂျယ်မင်းရဲ့ကိုယ်လုံးလေးကိုဆွဲဖက်ထားမိတယ်။ ရုန်းနေတဲ့ဂျယ်မင်းကသေချာပေါက်ကိုဖက်တာမှာအခက်အခဲဖြစ်စေပေမယ့်လည်းပေါ့။

တစ်မိနစ်ကျော်ခန့်ကြာအောင်ဂျယ်မင်းကဆက်လက်မတည်မငြိမ်ဖြစ်ကာ အရူးတစ်ယောက်လိုပဲသူ့ခေါင်းသူကိုင်ဖို့ကြိုးစားနေခဲ့ပြီးနောက်ဆုံးမှာတော့ဖြည်းဖြည်းချင်းတည်ငြိမ်လာပါတော့သည်။

ဂျယ်မင်းကခေါင်းကိုက်ခြင်းဟာတဖြည်းဖြည်းချင်းပျောက်လာတာနဲ့အမျှ တဖြည်းဖြည်းချင်းတည်ငြိမ်လာကာဂျယ်မင်းရဲ့နားတွေဟာတဖြည်းဖြည်းနဲ့ဂျယ်နိုရဲ့ပြောစကားတွေကိုကြားလာရတယ်။

"အဆင်ပြေတယ်...အဆင်ပြေသွားမှာ...မနာပါဘူး..."

ဂျယ်နိုရဲ့လက်တစ်ဖက်ကဂျယ်မင်းရဲ့လက်နှစ်ဖက်ကိုတစ်ခါတည်းချုပ်ထိန်းထားပြီး နောက်လက်တစ်ဖက်ကတော့ဂျယ်မင်းရဲ့ကိုယ်လေးကိုဆွဲပွေ့ထားတယ်။

တည်ငြိမ်လာတဲ့ဂျယ်မင်းရဲ့ကျောလေးကိုပုတ်ပေးရင်း၊ ပါးစပ်ကနေနှစ်သိမ့်စကားတွေပြောပေးရင်းနဲ့ပေါ့။ ဂျယ်မင်းကထိုစကားတွေကိုကြားပြီးပိုပြီးစိတ်တည်ငြိမ်လာတော့တယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now