Part - (4)

753 93 3
                                    

"ပန်းချီဆွဲနေတဲ့သာမာန်ပြည်သူတစ်ယောက်ကိုဘာလို့သတ်ဖို့ကြိုးစားနေရတာလဲ?"

ဂျယ်မင်းကသူ့ရဲ့နောက်ကွယ်ကနေလျှောက်လာတဲ့ခြေသံတိုးညှင်းညှင်းသံလေးကို ကြားလိုက်ရသော်လဲဂရုတစ်ချက်ပင််မစိုက်ခဲ့ပေမယ့်ဓားကိုဆွဲထုတ်သံဖွဖွလေးကိုကြားရတဲ့အခါမှာတော့ အနောက်ကိုလှည့်ကြည့်မနေပဲမေးလိုက်ခြင်းဖြစ်ပါသည်။

ထိုအခါသူ့နားကိုအစထဲကတိုးကပ်လာတဲ့ဓားကသူ့ရဲ့လည်ပင်းကိုသိသိသာသာကြီး လာထောက်ထားပါတော့သည်။ ထို့နောက်သူ့နောက်မှာရပ်နေတဲ့တစ်ယောက်ကပြောလာပါသည်။

"မင်းဘာလို့ဒီမှာရှိနေတာလဲ"

"ကျစ် ပန်းချီဆွဲနေတာလေမတွေ့ဘူးလား"

ဂျယ်နိုကဓားနဲ့ထောက်ထားပေမယ့်လဲတစ်ချက်လေးတောင်မတွန့် တစ်ချက်လေးတောင်အသံမတုန်သွားပဲ ထိုကောင်လေးကစုပ်တစ်ချက်သပ်ပြီးပန်းချီဆက်ဆွဲနေပါ၏။

"ညမထွက်ရအမိန့်ကိုမင်းနားမလည်ဘူးလား"

"ဒါဆိုခင်ဗျားရောနားမလည်ဘူးလား? ခင်ဗျားလဲအခုအပြင်မှာထွက်နေတာလေ"

ပန်းချီဆွဲနေတဲ့ကောင်လေးရဲ့ဘုကလန့်လိုလိုအကောင်းပြောနေသလိုလိုပြောတဲ့စကားအပြီးမှာတော့ ထိုကောင်ငယ်လေးကနောက်ဆုံးမှာစုတ်တံကိုင်ထားတဲ့လက်ကိုရပ်တန့်လိုက်ပြီး အနောက်ကိုလှည့်ကြည့်လာပါသည်။

ထိုအခါချောမွေ့တဲ့အသားအရည်နဲ့အပြစ်အနာအဆာမရှိတဲ့ချောမောတဲ့မျက်နှာလေးက လရောင်အောင်မှာကဗျာဆန်စွာပေါ်ပေါက်လာကာဂျယ်နိုရဲ့အချိန်တွေကိုရပ်တန့်စေပါသည်။

ထိုကောင်လေးမှာကတကယ့်ကိုရှည်လျားလှပတဲ့မျက်တောင်ရှည်လေးတွေရှိနေပြီးတော့ နှာခေါင်းချွန်ချွန်လေးနဲ့မျက်ခုံးလှလှလေးတွေလဲရှိနေပါသေး၏။

အနောက်လှည့်ကြည့်နေတာတောင်တန်းနေတဲ့လည်တိုင်ကျော့ကျော့လေး၊ ဆေးပေနေတဲ့နားလေးတွေက လှလိုက်တာဆိုတာအပြင်ဘာမှပြောစရာရှိ။

ဓားကလည်ပင်းနဲ့အနည်းငယ်ခွါထားတာကြောင့်သူ့ရဲ့အသားကိုမထိပဲနဲ့ အန္တာရာယ်ကင်းစွာအနောက်ကိုလှည့်ကြည့်လိုက်နိုင်လိုက်တာတော်ပါသေးသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now