"မင်းခုနကပြောနေတာဘယ်ရောက်သွားပြီလဲ?"
ဂျယ်နိုရဲ့အေးစက်တဲ့အသံကကင်ဝူးရဲ့တောင့်ခဲနေမှုကိုအသိစိတ်ဝင်စေလိုက်ပြီး သူကဂျယ်နိုကိုပြန်ဖြေလိုက်တယ်။
"အမ်..."
ဝူးက 'အမ်...' ဆိုတဲ့နေရာမှာပင်ရပ်နေတာကြောင့်အဝေးကိုလှမ်းကြည့်တနေတဲ့ဂျယ်နိုက ဝူးဆီကိုအကြည့်ပြောင်းလိုက်ပြီးမျက်ခုံးတစ်ချက်ပင့်ပြကာမေးလိုက်တော့
"ငါမမှတ်မိဘူး" ဟုဆိုလာတဲ့ဝူး။
ဂျယ်နိုကဝူးကိုကြည့်လိုက်ကာ
"မမှတ်မိဘူး?"
"အင်း"
"ငါတို့ပြောနေခဲ့တာက ဒီညငါတို့ဘယ်သွားကြမလဲဆိုတာ"
ဂျယ်နိုကပြန်လည်ထောက်ပြလိုက်တော့မှဝူးကလဲခေါင်းငြိမ့်လိုက်ကာ အခုမှမှတ်မိသလိုဖြင့်
"ဟုတ်တယ် ဟုတ်တယ်။ မင်းသမီးငယ် ဘယ်သွားချင်လဲ"
တိတ်ဆိတ်မှုကိုအဆောင်ပြုလေ့မရှိတဲ့မင်းသမီးငယ်ကဒီတစ်ခေါက်တော့ တိတ်ဆိတ်နေသည်မို့အရိပ်အကဲသိတဲ့ဝူးကဂျယ်နိုကိုကြည့်လိုက်သော်လည်း ဂျယ်နိုကတော့ထုံးစံအတိုင်း။
မည်သည်ကိုမှနားမလည်သောလူတုံးတစ်ယောက်ကဲ့သို့မင်းသမီးငယ်ဖြေမည်ကိုစောင့်ဆိုင်းနေသည်။ မင်းသမီးငယ်ကလဲလူသတ်ချင်သောမျက်လုံးဖြင့်ဂျယ်နိုကိုစိုက်ကြည့်နေပါ၏။
ဂျယ်နိုကတော့မင်းသမီးငယ်ကဘာလို့စိတ်ဆိုးနေလဲဆိုတာလဲမသိသလို သူဘာအမှားကိုမှမလုပ်မိဟုယုံကြည်ထားတာကြောင့်ဒီတိုင်းသာမင်းသမီးငယ်ကိုကြည့်မိနေသည်။
"အဟမ်း...ဒီညကလပြည့်နေ့ဆိုတော့ပွဲဈေးသွားလျှောက်သွားကြမလား?"
အေးစက်လာကာအကြာကြီးတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ရဲ့အခြေအနေကို ဝူးကစကားတစ်ခွန်းဝင်ပြောချင်းနဲ့ထိန်းသိမ်းလိုက်ပြီးကံကောင်းစွာနဲ့ပဲဂျယ်နိုကလဲဝင်ပြောလာသည်။
"ဒီညမြို့ထဲမှာပွဲဈေးရှိတယ်လို့ကြားတယ်။ သွားကြလေ"
"သွားကြ?"
ဂျယ်နိုရဲ့စကားကိုသံယောင်လိုက်ပြီးမင်းသမီးငယ်နဲ့ဝူးကဝင်မေးလာတော့ ဂျယ်နိုက
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...